အာရှတိုက်နိုင်ငံတွေမှာ ပထမဦးဆုံး ဒုက္ခသည်တွေကိုလက်ခံတဲ့ ဂျပန် နိုင်ငံဟာ တတိယနိုင်ငံ
သွားခွင့်ရှိတဲ့ မယ်လစခန်းက ဒုက္ခသည်တွေ စိတ်ဝင်စားမှု နည်းပါ တယ် လို့ စခန်းဥက္ကဌ
စေားထွန်းထွေန်းပြောပါတယ်။
ဂျပန်နိုင်ငံမှာ ၂၀၁၀ခုနှစ်ကစပြီး တစ်နှစ်လျင် မယ်လဒုက္ခသည် အယောက်သုံးဆယ်ကိုသာ
သီးသန့် ခေါ်ယူလက်ခံတာဖြစ်ပြီး ဒုတိယအသုတ်အနေနဲ့ စက်တင်ဘာလမှာ သွားရမှာဖြစ်
ပေမယ့် တတိယနိုင်ငံ လျှော့ခွင့်ရှိတဲ့ဒုက္ခသည်တွေက လျှောက်သူနည်းတယ်လို့ စခန်းဥက္ကဌက
ပြောပါတယ်။
“ဂျန်ပန်နိုင်ငံက ဒုက္ခသည်တွေအတွက် နိုင်အသစ်ဖြစ်လို့ ဒုက္ခသည်တွေသွားရင် ဘာအခက်အခဲ
ကြုံရမလဲဆိုတာ မသိဘူးလေ တခြားနိုင်ငံတွေကျတော့ ရောက်တဲ့ သူအများကြီးရှိတယ်ဆိုတော့
သိချင်တာမေးလို့ရတော့အဆင်ပြေတယ် ဂျပန်နိုင်ငံက ရောက်တဲ့သူလည်းနည်း”
မယ်လဒုက္ခသည်တွေသာ လက်ခံတဲ့ ဂျပန်နိုင်ငံဟာ မယ်လဒုက္ခည်တွေအတွက် နိုင်ငံအသစ်ဖြစ်
သလို ဘာသာစကားလည်း အစကနေ ပြန်သင်ယူရမှာ ဖြစ်ပါတယ်။ နောက်ပြီး တတိယနိုင်ငံကို
အခြေချလိုတဲ့ ဒုက္ခသည်တွေက မိမိအခြေချမယ့်နိုင်ငံကို ရွေးပြီးကြပြီး ဖြစ်တယ်
လို့စေားထွန်းထွန်းပြောပါတယ်။
မဲဆောင့် မြို့နဲ့ ငါးဆယ်ခုနှစ် ကီလိုမီတာရှိတဲ့ မယ်လဒုက္ခသည်စခန်းက လူဦးရေ ၄၅၆၉၈မှာ
တရားဝင်ဒုက္ခသည်နဲ့ တရားဝင်ဒုက္ခသည်အဖြစ် လျှော့ထားတဲ့သူ ထက်ဝက်လောက်ရှိပြီး
တတိယနိုင်ငံကိုမသွားပဲ စခန်းထဲမှာ နေထိုင်တဲ့ တရားဝင်ဒုက္ခသည် အများစု ဟာ မိမိတို့
နေရပ်ရင်းကို ပြန်ရဖို့ စိတ်ဝင်စားကြတာဖြစ်ပါတယ်လို့စခန်းကော်မတီတွေကပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment