Sunday, July 10, 2011

စစ်ဒဏ်ခံ ဝေါ်လေရွာမီလောင်

စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့်
မတည်မငြိမ်ဖြစ်နေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေရွာတွင် ယမန်နေ့ညက
မီးလောင်ရာတွင် နေအိမ်နှင့် ဈေးဆိုင်ခန်း အဆောက်အဦ ၁၀ ခု ပျက်စီးခဲ့သည်ဟု ဒေသခံများ
က ပြောသည်။

ရှို့မီး ဖြစ်နိုင်သည်ဟုလည်း ဝေါ်လေ ရွာသားတစ်ဦးက ကရင်ကျောင်းသားလူငယ် ကွန်ယက်သို့
ပြောသည်။

“ည ၁၂ နာရီ ခွဲလောက်မှာ လာရှို့တယ်။ ဘယ်သူတွေလည်းတော့ မပြောတတ်ဘူး ။ အဖွဲ့တွေ
များတော့ စစ်တပ်တွေကလား၊ ဘယ်အဖွဲ့လဲတော့ မပြောနိုင်ဘူးလေ။ မီး စလောင် တော့ ရွာသား
တွေပဲ ၀ိုင်းပြီး မီးငြိမ်း ရတယ်” ဒေသခံတဦးကဟု ပြောသည်။

မနက် ၂ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံးရှုံးသည့် တန်ဖိုးမှာ ကျပ် သိန်း ၃၀ ခန့်
(ထိုင်းဘတ်ငွေ တစ်သိန်းခန့်) ရှိသည်ဟု ၎င်းက ပြောသည်။

ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးသွား
သည့် ရွာသားအချို့၏ နေအိမ်များလည်း မီးလောင်သည့်အထဲ ပါဝင်ခဲ့သည်ဟု သိရသည်။

ဝေါ်လေရွာတွင် အိမ်ခြေနှစ်ရာကျော်ရှိပြီး၊ စစ်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့် အိမ်ရှင်များ
ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင် နေသည့်အတွက် အိမ်ခြေ ထက်ဝက် နီးပါးမှာ
လူမနေသည့် အိမ်များ ဖြစ်နေသည်။

“အခုတလော ခဏခဏ စစ်ဖြစ်တယ်ဆိုတော့ စီးပွားရေးလည်း အဆင်မပြင်ဘူး။ ဟိုကြောက်
ဒီကြောက်နဲ့ နေရတယ်လေ၊ အခု ရွာထဲမှာ မီးပါ လိုက်ရှို့ ခံရတယ် ဆိုတော့ ဒေသခံတွေ
ဒုက္ခရောက်နေပါတယ်” ဟု ဝေါ်လေ ရွာသားက ပြောသည်။

ဝေါ်လေရွာတွင် စစ်အစိုးရတပ်နှင့် လူမှုကူညီရေးအဖွဲ့များ ရှိသော်လည်း မီးဘေးဒုက္ခသည်များကို
အကူအညီ တစ်စုံတရာမပေးဘဲ ယနေ့နံနက်ပိုင်းတွင် မီးလောင်သည့်နေရာကို လာရောက်ကြည့်
ရှုပြီး ဓါတ်ပုံရိုက် သွားခဲ့သည်ဟု ဒေသခံသများကပြောသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ