ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတီ ကင်နီ (Kristie Kenney) သည်
ထိုင်း-မြန်မာ နယ်စပ် ရှိ မဲလ ဒုက္ခသည် စခန်းသို့ ပထမဆုံး အကြိမ်အဖြစ် မတ်လ (၃၀)
ရက်နေ့က လာရောက် လေ့လာခဲ့သည်။
၂၀၁၀ နှောင်းပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည့် မစ္စကင်နီ က
ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ တိုင်းရင်းသားများအပေါ် ကျန်းမာရေး ပညာရေး ဆိုင်ရာကူညီမှု
များ၊ ဒုက္ခသည် စခန်းများ၏ အခြေအနေများ သိရှိနိုင်ရန် သက်ဆိုင်ရာ တာဝန်ခံ အသီးသီးနှင့်
ကိုယ်တိုင် လာရောက် တွေ့ဆုံခြင်း ဖြစ်သည် ဟု သတင်းထောက်များကို ပြောကြားသည်။
မယ်လဒုက္ခသည်စခန်း ရှိ ရိက္ခာ၊ ဂိုဒေါင်၊ စာသင်ကျောင်း၊ ဆေးရုံ၊ မသန်မစွမ်း ဒုက္ခိတဌာန နှင့်
IOM (နိုင်ငံရပ်ခြား ရွှေ့ပြောင်းနေထိုင်အခြေချ စစ်ဆေးရေး) ရုံးအား သူမ ကိုယ်တိုင် ကြည့်ရှု
လေ့လာသွားသည် ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်း ပြောသည်။
“သက်ဆိုင်ရာ ဌာနက လုပ်သားတွေနဲ့ စခန်းထဲက အခြေအနေကို လိုက် ကြည့်သွားတယ်” ဟု
ပြောသည်။
မယ်လဒုက္ခသည် စခန်းအတွင်း၌ သုံးနာရီကြာ လိုက်လံ ကြည့်ရှုပြီး ညနေ ၅နာရီ ကျော်တွင်
စခန်းမှ ပြန်လည် ထွက်ခွာခဲ့သည်ဟု စောထွန်းထွန်း က ပြောသည်။ မယ်လဒုက္ခသည်
စခန်းသည် ထိုင်းမြန်မာ နယ်စပ်တွင် အကြီးဆုံး ဒုက္ခသည် စခန်းတစ်ခု ဖြစ်သည်။
မယ်လ စခန်းသို့ မလာမီ မဲဆောက်ရှိ ဒေါက်တာစင်သီယာမောင် ၏ မယ်တော်ဆေးခန်း ကိုလည်း
သွားရောက် ကြည့်ရှုခဲ့သည်။
ဒုက္ခသည်များ အနေဖြင့် ကိုယ်ထူကိုယ်ထ လုပ်ငန်းများ ပိုမို လုပ်ကိုင်ရန် ယခုလ လဆန်းပိုင်းက
မယ်လစခန်းသို့ လာရောက်ခဲ့သည့် EU ဥရောပသမဂ္ဂအရာရှိ Kristalina Georgieva
(ခရစ္စတေလီနာ ဂျော်ဂီဗာ) က ပြောကြားသွားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment