ထိုင်းမြန်မာ နယ်စပ် မြ၀တီ မဲဆောက် မြို့များတောင်ဘက် ဒေသရှိ ကျေးရွာ ၂၀ မှ ဒေသခံ များ
အနေဖြင့် စစ်ဘေး စိုးရိမ် နေရသော်လည်း၊ တောင်ယာ လုပ်ငန်းခွင် ပြန်ဝင်ရမည့်အချိန် ရောက်
သည့်အတွက် စစ်မြေပြင်၌ အသက်မွေးဝမ်းကျောင်း ပြုနေရသည် ဟု သိရသည်။
ယင်းနယ်စပ် ဒေသများတွင် ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲ ကာလမှ စ၍ ယခုအချိန်ထိ နအဖ
နှင့် DKBA တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့်၊ ဒေသခံများ အနေဖြင့် မိမိတို့
လက်ရင်းလုပ်ငန်းများ မလုပ်နိုင်ပဲ ထိုင်းနိုင်ငံဘက်တွင် တိမ်းရှောင် နေခဲ့ရသည်။
သို့သော် ဖေဖေါ်ဝါရီလမှ စ၍ တောင်ယာ လုပ်ငန်းခွင် ရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက်
အချို့သောဒေသခံများက မဖြစ်မနေ လုပ်ငန်း ပြန်ဝင်နေကြရသည်။
“ကျွန်မတို့က တောင်ယာ၊ ခြံ လုပ်ငန်းတွေပဲ လုပ်စားတယ်။ အရင်က နည်းနည်းပါးပါး အဆင်
ပြေတာပေါ့ ဒီနှစ်အတော့ အလုပ်ပြန်လာလုပ်လည်း ကြောက်ရတယ်လေ။” ဟု ဝေါ်လေ ဒေသခံ
တောင်ယာအလုပ်သမား နော်ဖီးယို က ပြောသည်။
၎င်းဒေသတွင် DKBA အခြေစိုက် တပ်စခန်း တည်ရှိသည့်အတွက် နအဖ စစ်တပ်များ ထိုးစစ်ဆင်
်နေသည့် အတွက် အမြဲလိုလို တိုက်ပွဲဖြစ်လျက်ရှိသည်။
“စစ်မြေပြင်က ဒေသခံတွေက အကျပ်အတည်းတွေ အဘက်ဘက်မှာ ရှိတယ်။ နအဖ စစ်တပ်
တွေရဲ့ ခြိမ်းခြောက်မှု၊ ပေါ်တာဆွဲမှု၊ လုပ်အားပေး ခိုင်းစေမ၊ှု နောက်တော့ စားဝတ်နေရေးအ
တွက် စစ်မြေပြင်မှာ လုပ်ကိုင် စားသောက်ရတယ်ဆိုတော့ မိုင်းအန္တရာယ်တွေကိုလည်း
ကြောက်ရတာပေါ့” ဟု ကေအဲယူ ကရင်အမျိုးသား အစည်းအရုံး စည်းရုံးရေး တာဝန်ခံ တစ်ဦး
ဖြစ်သည့် ဖူးဖေါဒို က ကရင့်ကျောင်းသား ကွန်ယက်အဖွဲ့ကို ပြောသည်။
ယခုလက်ရှိ ထိုင်းနယ်စပ် ကရင်ပြည်နယ်မှ စစ်မြေပြင်ဒေသတွင် ရွာပေါင်း နှစ်ဆယ်ကျော်ရှိပြီး
ရွာသား သုံးသောင်းကျော် ရှိနိုင်သည် ဟု ဖူးဖီဒို က ခန့်မှန်း ပြောဆိုသည်။
၎င်းတို့အနက် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ မိတ်ဆွေအသိ ဆွေမျိုးများထံ မှီခိုပြီး ရွှေ့ပြောင်း အလုပ်
သမားများ အနေဖြင့် သွားရောက် အလုပ် လုပ်ကိုင်သူများလည်း ရှိနေသည်။
မြန်မာပြည် ဘက်ခြမ်းတွင်မူ ကရင် ဒုက္ခသည် တစ်သောင်းကျော် ယာယီ စခန်းများတွင် ပျံ့နှံ့
နေထိုင်လျက်ရှိသည် ဟု KCBOs ကရင်လူမှုရေးအဖွဲ့ က ပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment