Saturday, July 23, 2011

နော်ဝေး ပရော်ဖက်ရှင်နယ်လ် လိဂ် ဘောလုံးပွဲ စဉ်များ ရွှေ့ဆိုင်းရ

နော်ဝေးနိုင်ငံ အော်စလိုမြို့တော် လူငယ်လေ့ကျင့်ရေးစခန်းကို သေနတ်သမားများ၏ ပစ်ခတ်ခံရမှု
တို့ကြောင့် လူပေါင်း များစွာ ထိခိုက်သေဆုံးရကြောင်း နှင့် ပရော်ဖက်ရှင်နယ်လ် လိဂ် ဘောလုံးပွဲစဉ်
အားလုံးကို ရပ်ဆိုင်းရကြောင်း ဘောလုံးအဖွဲ့ချူပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေ့ဆိုင်းလိုက်သော ပွဲစဉ်များမှာ နော်ဝေး ပရော်ဖက်ရှင်နယ်လ်လိဂ် Norwegian Tippeligaen
ပွဲစဉ်များ အားလုံးအပြင် ပထမတန်း ၊ ဒုတိယတန်း ပွဲစဉ်များ အားလုံး ပါဝင်သည်။

"အကြမ်းဖက် သမားတွေကြောင့် သေဆုံး ဒဏ်ရာရသူတွေကို ၀မ်းနည်းနေတဲ့ ကာလဖြစ်တာနဲ့အညီ
အားလုံးကို လေးစားသော အားဖြင့် NFF က ကျင်းပဖို့ ရှိတဲ့ ဘောလုံး ပွဲစဉ်အားလုံးကို
ဆိုင်းငံ့လိုက်ပါတယ်"

မနေ့က နော်ဝေးနိုင်ငံ အော်စလို မြို့တော် ၀န်ကြီးချူပ်ရုံးရှေ့မှာ အစွန်းရောက် အကြမ်းဖက်
များက ဗုံးဖောက်ခွဲခံရမှုခံရလို့ လူပေါင်း ၉၀ အထိသေဆုံးခဲ့ပြီး များစွာ ဒဏ်ရာ ခဲ့သည်။

မြို့တော်အပြင်ဖက်ရှိ လူငယ် လေ့ကျင့်ရေး စခန်းတစ်ခုကို သေနတ်များဖြင့် ၀င်ရောက် ပစ်ခတ်ခဲ့
မှုတို့ကြောင့် လုံခြုံရေးအတွက် ဘောလုံးပွဲစဉ်များ အားလုံးကို ဆိုင်းငံ့ လိုက်ကြောင်း နော်ဝေး
ဘောလုံးအဖွဲ့ချူပ် NFF က ကြေငြာခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ