လန်ဒန် ရှိ တိုက်ခန်း တွင် သေဆုံးလျှက် တွေ့ ရှိ သည် ဟု အေမီ ၀ိုင်ဟောက်(စ) ၏ လူထု
ဆက်ဆံ ရေး ကိုယ်စား လှယ် က ဂါးဒီယန်း သတင်းစာ ကို ပြောခဲ့သည်။
အေမီဝိုင်ဟောက်(စ) ကွယ်လွန် ချိန် တွင် အသက် ၂၇ နှစ် သာ ရှိ ပြီဖြစ် သည်။ အေမီ
ဝိုင်ဟောက်(စ)သေဆုံးခြင်း မှာ မည် သည့် အကြောင်း ကြောင့် မှန်း မသိရသေး ဟု လန်ဒန်
ရဲတပ်ဖွဲ့  က ပြောသည်။

အေမီဝိုင်ဟောက်(စ) ၏ Back to Back အယ်(လ)ဘမ်မှာ ဂရမ်မီ ဆု လေးဆု လျှာထား ခံရပြီး
မာကျူရီ ဗြိတိသျှ ဂီတ ထူး ချွန်ဆုများ လည်း ချီးမြှင့် ခံရသည်။
အေမီ ၀ိုင်ဟောက်(စ) သည် ယခင်က မူးယစ်ဆေးဝါး နှင့် အရက်လွန် ကျုးစွာ သောက်သုံးမှု
ကြောင့်ပြန်လည် ထူထောင်ရေး စခန်းများ တွင် တက် ရောက် ကုသခံခဲ့ ရသည်။
ထင်ရှား သည့် အဆိုတော် နှင့် ဂီတ ပညာရှင် များ ဖြစ်သည့် Jimi Hendrix, Janis Joplin,
Jim Morrison , Kurt Cobain တို့  ကဲ့ သို့  ပင် အေမီဝိုင်ဟောက်(စ) သည် အသက် ၂၇ နှစ်
အရွယ် တွင် ကွယ်လွန် ခဲ့ ခြင်း ဖြစ်သည်။အေမီ ၀ိုင်ဟောက်(စ) သေဆုံး ခြင်း အတွက် ဗြိတိသျှ
နှင့် နိုင်ငံ တကာ အဆိုတော် များ က ၀မ်းနည်းကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်။
၂၀၀၆ ခုနှစ်က ထွက်ရှိ ခဲ့သည့် အေမီ ၀ိုင်ဟောက်(စ) ၏Back to Back အယ်(လ)ဘမ်ထဲမှ
Rhabနှင့် Love is Losing Game သီချင်းများ မှာလူကြိုက်များသည်။
No comments:
Post a Comment