Thursday, July 28, 2011

မြန်မာနှင့် အိုမန်တို့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲဖျက်သိမ်းလိုက်ရ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိုမန်တို့ ကစားခဲ့သော
ပွဲစဉ်တွင် မြန်မာ အသင်း အားပေးသူ ဘောလုံးပရိတ်သတ်များ၏ ဒေါသကြောင့် ကွင်းလယ်ဒိုင်နှင့်
တာဝန်ရှိသူများက ပွဲစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း သိရသည်။

မြန်မာဘောလုံး ပရိတ်သတ်များသည် ကျောက်တုံး၊ ကျောက်ခဲများ၊ ပုလင်းများဖြင့် ကွင်းလယ်ဒိုင်
အိုမန်နည်းပြ ဂူအင်နှင့် အိုမန်ကစားသမား တစ်ယောက်အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း
eurosport.com ကဖော်ပြသွားခဲ့သည်။ ထိုပွဲစဉ်တွင် အိုမန်အသင်းက မြန်မာအသင်းအား
(၂-၀)ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူသွားသော ဂျပန်လူမျိုးဆာဒိုကအိုမန်အသင်း ဒုတိယ ဂိုးရစေမည့်
ပင်နယ်တီ သတ်မှတ်ပေးလိုက်ချိန်တွင် တာဝန်ကျ လုံခြုံရေးအမြောက်အများ ရှိနေသော်လည်း
မြန်မာပရိတ်သတ်များမှာ ထိန်းမနိုင်သိမ်းမနိုင် သောင်းကျန်းခဲ့ကြောင်း ကွင်းတွင်းတွင် ရှိနေသော
Reuters မှဓာတ်ပုံဆရာက ပြောကြားသွားသည်။

အိုမန်အသင်း တာဝန်ရှိသူ တစ်ဦးက ၎င်းတို့အသင်းအနေဖြင့် ပထမပိုင်း (၃၉)မိနစ်အထိ
(၂-၀)ဂိုးဖြင့် ဦးဆောင် နေချိန်တွင် ဒေါသထွက်နေသော ပရိတ်သတ် လူစုလူဝေးများက
သောင်းကျန်းခဲ့ကြသောကြောင့် သုဝဏ္ဏကွင်း အတွင်းမှ အ၀တ်လဲခန်းသို့ ထွက်ပြေးခဲ့ရကြောင်း
eurosport.com သို့ပြောကြားသွားခဲ့သည်။

ဘောလုံးအားကစားသည် မြန်မာနိုင်ငံတွင် ပေါ်လာအဖြစ်ဆုံး အားကစား တစ်ရပ်ဖြစ်ပြီး၊
မြန်မာပြည်တွင်းလိဂ်မှာလည်း တစ်ဟုန်တိုး တိုးတက်လာသလို၊ ရမ်းကားသောင်းကျန်းမှုများမှာ
လည်း အံ့ဖွယ်ဖြစ်ကြောင်း ဖော်ပြသွားခဲ့သည်။

မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကွင်းတွင်းတွင် ပရိတ်သတ်များ ဆူပူမှု ငြိမ်သက်
သွားအောင် ကြိုးစားခဲ့သေးကြောင်း၊ သို့သော်လည်း ပရိတ်သတ်များ၏ ဆူပူမှုက ရပ်တန့်ခဲ့ခြင်း
မရှိသောကြောင့် ပွဲစဉ်အား ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ