ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ကျိုက်ဒုံမြို့နယ်ခွဲမှာအစိုးရစစ်တပ်နဲ့ကရင်လက်နက်ကိုင်
တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးကြောင်း ကရင်လူ့
အခွင့်အရေးအဖွဲ့ KHRG က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လ ၂၂ ရက်ကနေ လကုန်ပိုင်းအထိ အစိုးရစစ်တပ်နဲ့ ကရင် လက်နက်ကိုင်တပ်ဖွဲ့တို့ကြား
အပြန်အလှန် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား (၃) ဦးသေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့
တယ်လို့ KHRG ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် စောအဲလ်ဘတ်က ပြောပါတယ်။
“တိုက်ပွဲတွေက ရွာထဲမှာရော ရွာအနီးအနားတွေရော ဖြစ်တယ်လေ။ ရွာသားတွေ ထိတာပေါ့။
အဲလိုထိခိုက် သေဆုံးတဲ့လူတွေက ဘယ်ဖက်ကပစ်တဲ့ ကျဉ်ဆံကိုမှန်တာလဲဆိုတာကို အတည်ပြု
လို့ မရဘူး ဖြစ်နေတယ်”
ကျိုက်ဒုံမြို့နယ်ထဲမှာ ရှိတဲ့ အဇင်း၊ ဘုရားငုတ်တို၊ တအေးရှေး၊ မိနန်းအပ် စတဲ့ ကျေးရွာတွေမှာ
တိုက်ပွဲတွေ ဆက်မဖြစ်စေဖို့ အစိုးရတပ်တွေက သတိပေးထားတယ်လို့ KNRG ရဲ့ သတင်း
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စောအဲလ်ဘတ်က “ကေအဲယူနှင့် ဒီကေဘီအေ ပူးပေါင်းပြီး စစ်မျက်နှာ ဆက်လက်ဖွင့်လာရင်
အဲဒီကျေးရွာတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ အစိုးရတပ်တွေက ဒေသခံတွေကို
ခြိမ်းခြောက်ထားတယ်” လို့ပြောပါ တယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၇၀၀ ကျော်ဟာ ထိုင်းနိုင်ငံ အုန်းဖန်မြို့နယ်
ပိုင်ခလန် ကျေးရွာနဲ့ အနီးတ၀ိုက်ဖက်ကို ထွက်ပြေးခို လှုံခဲ့ကြပါတယ်။
အဆိုပါရွာသားတွေထဲက လုပ်ငန်းခွင်ထဲကို မဖြစ်မနေ ပြန်ဆင်းရမယ့် လူတွေဟာ အခုလက်ရှိမှာ
နေရပ်ကို ပြန်နေကြပြီး သူတို့ရဲ့ ငယ်ရွယ်တဲ့ သားသမီးတွေကိုတော့ ထိုင်းနယ်စပ်က
အသိမိတ်ဆွေတွေဆီမှာ ချန်ထားခဲ့ကြတယ်လို့ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment