ကရင်ပြည်နယ်အတွင်း စစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ်ပြန်နိုင်ရေး
အတွက် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရသစ် အကြား တွေ့ဆုံဆွေးနွေးဖို့
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ က သမ္မတဦးသိန်းစိန်အစိုးရ ကို တောင်းဆိုထားပါတယ်။
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုကို လိုလားတဲ့ အတွက် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့
ဖလုံ-စဝေါ်ပါတီရဲ့ ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
နန်းစေအွာက ပြောပါတယ်။
“သဘောထား မတိုက်ဆိုင်လို့ နားလည်မှုလွဲလို့ ဒီလိုမျိုး လက်နက်ကိုင်တွေ ခွဲထွက်တာ
ဖြစ်တယ်လို့ ကျမက ယူဆတယ်။ တဖက်က လျှော့ပြီးတော့ တဖက်က တင်းနေရင်လည်း မရ
ဘူးပေါ့နော့်။ အဲ့ဒီသဘောထားလေး တူညီအောင် တွေဆုံဆွေးနွေးပြီး သူလျှော့ ကိုယ်လျှော့ပေါ့”
ဖလုံ-စဝေါ်ပါတီရဲ့တင်ပြချက်ကို ဦးသိန်းစိန် အစိုးရဘက်က တရာဝင်တုံ့ပြန်တာမရှိသေးပေမယ့်
အစိုးရရဲ့ ကိုယ်စားလှယ် ပြောရေးဆိုခွင့်ရှိသူက လက်ခံကြိုဆိုတာမျိုး ပြောဆိုတာရှိတယ်လို့
နန်းစေအွာက ပြောပါတယ်။
KNU အနေနဲ့တော့ အစိုးရက ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမှန်တကယ် တွေ့ဆုံဆွေးနွေးချင်
တယ်ဆိုရင် လက်ခံ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ KNU အထွေထွေ အတွင်းရေးမှု
နော်ဇီဖိုးရာစိန်က ပြောပါတယ်။
“ကျန်မတို့က တွေ့ဆုံဆွေးနွေးမှုကို လိုလားတယ်။ ဒါပေမယ့် KNU မူအရဆိုရင် တိုင်းရင်းသား
လက်နက်ကိုင်တွေ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှပေါ့နော်။ အခုအခြေအနေမှာ
အစိုးရသစ်ဘက်က ဘာပြောင်းလဲမှုမှ မတွေ့ရသေးဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
ထိုးစစ်ဆင်မူတွေ ရှိနေတုန်းပဲလေ”
ယခုလက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းက နေရာဒေသ အတော်များများမှာ ကရင်
လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေမကြာခဏ ဆက်တိုက်ဖြစ်ပွား
နေပြီး ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ် တလျောက်မှာ စစ်ပြေးဒုက္ခသည်တွေ
ထွက်ပြေး ခိုလှုံနေဆဲပဲ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment