Sunday, July 10, 2011

အုန်းဖြန် ဒုက္ခသည်စခန်း ကျောင်းများတွင် ကျောင်းသားဦးရေလျော့ကျ

ထိုင်း-မြန်မာနယ်စပ် အုန်းဖြန် ဒုက္ခသည်စခန်းမှာ ကျောင်းဝင်ကြေး နှစ်ဆ တိုးမြှင့်လိုက်ြပီးတဲ့
နောက် အခုနှစ် ကျောင်းဖွင့်ရာသီမှာ ကျောင်းလာအပ်တဲ့ ကလေးဦးရေ သိသိသာသာ လျော့ကျ
သွားတယ်လို့ စခန်းပညာရေး တာဝန်ခံ နောမူအဲခရစ်က ပြောပါတယ်။

“အရင်နှစ်တွေက အခုလို ကျောင်းဖွင့်စမှာဆိုရင် ကျောင်းသား ကျောင်းသူဦးရေ ငါးထောင်
လောက်ရှိ နေပြီလေ။ ဒီနှစ်ကတော့ သုံးထောင်ကျော် လောက်ပဲရှိသေးတယ်”

ပြီးခဲ့တဲ့နှစ်က အထက်တန်း ကျောင်းသားတစ်ဦးအနေနဲ့ ကျောင်းဝင်ကြေး ထိုင်းဘတ်ငွေ ၁၀၀
သာ ပေးသွင်းရပေမယ့် ဒီနှစ်မှာတော့ ဘတ် ၃၀၀ အထိပေးရပါတယ်။ မူလတန်း အဆင့်မှာတော့
ဘတ် ၃၀ ပေးသွင်းရာကနေ ဒီနှစ်မှာတော့ ဘတ် ၁၀၀ အထိပေးရပါတယ်။

ဒုက္ခသည် ပညာရေးကို အကူအညီပေးနေတဲ့ နယ်သာလန်နိုင်ငံ အခြေစိုက် ZOA (South East
Asia) အဖွဲ့က ဒီနှစ်ဆန်းပိုင်းမှာ ဒုက္ခသည် စခန်းတွေက ကျောင်းဆရာ၊ ဆရာမတွေကို ထောက်ပံ့
တဲ့ ငွေကြေး လျော့ချ လိုက်တာကြောင့် အခုလို ကျောင်းဝင်ကြေး တိုးကောက်တာ ဖြစ်ပါတယ်။

ကျောင်းသားမိဘတွေဟာ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်ခွင့်မရှိပဲ စခန်းရဲ့ ကူညီထောက်ပံ့မှုနဲ့သာ
ရပ်တည်နေကြရတဲ့အတွက် ကျောင်းဝင်ကြေးကို မပေးနိုင်ကြဘူးလို့ အုန်းဖြန်စခန်းက လူမှုအဖွဲ့
ဥက္ကဌ လည်းဖြစ် ကျောင်းသား မိဘတစ်ဦးလည်းဖြစ်တဲ့ စောဘလယ်စေး ပြောပါတယ်။

“ကျွန်တော့မှာက အလုပ်ရှိလို့ အဆင်ပြေသေးတယ်။ ကျွန်တော့ အိမ်နီးချင်း တစ်ယောက်ဆို သူ့
ကလေးတွေရဲ့ကျောင်းဝင်ကြေးအတွက် ဆန် သုံး ပုံးတောင် ရောင်းလိုက်ရတယ်။”

အခု လောလောဆယ်မှာ ကျောင်းဝင်ကြေးမပေးနိုင်တဲ့ ကျောင်းသားမိဘတွေကို ကူညီဖို့အတွက်
စေတနာရှင် အဖွဲ့ ဖွဲ့ထားပြီး ကုန်ကျစားရိတ်ရဲ့ ထက်ဝက်ကို ၀ိုင်းဝန်း ကူညီပေးနေတယ်လို့
နော်မှုအဲ့ခရစ် ကပြောပါတယ်။

အုန်းဖြန် ဒုက္ခသည်စခန်းမှာ မူလအတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ အထက်တန်းလွန်
အဆင့် စာသင်ကျောင်း ၁၀ ကျောင်းရှိပြီး အရင်နှစ်က ကျောင်းသားဦးရေ စုစုပေါင်း ၅၉၆၇
ယောက် ရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ