Sunday, July 10, 2011

မြန်မာအစိုးရသစ်နှင့် ဆွေးနွေးရန်း KNU ကမ်းလှမ်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ဒီမိုကရီစီ အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်
မည် ဆိုပါက မြန်မာ အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးမည်ဟု ကရင်အမျိုးသားအစည်းအရုံး
(KNU) က ပြောကြားလိုက်သည်။

KNU အထွေထွေ အတွင်းရေးမှူး နော်ဇီဖိုးရာစိန် က ၎င်းတို့ တဖွဲ့ထဲနှင့် သီးသန့်တွေ့ဆုံမှု
မလုပ်နိုင်ကြောင်းလည်း ပြောသည်။

“စစ်အစိုးရ အနေနဲ့ ကျွန်မတို့ KNU အဖွဲ့ကိုပဲ သီးသန့် လက်ခံ ဆွေးနွေးမယ် ဆိုရင် ဒါကစစ်မှန်တဲ့
သဘောမဆောင်ဘူး။ တိုင်းရင်းသားတွေ ဒီမိုကရီစီ အဖွဲ့အစည်းများနဲ့ အဖွဲ့စုံ လက်ခံ ဆွေးနွေးမှ
ကျွန်မတို့ လက်ခံမှာ ဖြစ်တယ်။”

မြန်မာပြည်တွင် ဖြစ်ပွားသည့် နိုင်ငံရေးပြဿနာ နှင့် ဒီမိုကရီစီရေး ပြဿနာသည် တိုင်းရင်းသား
အားလုံးနှင့်လည်း သက်ဆိုင်သည် ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် နိုင်ရန်
အရေးကြီးသည် ဟု နော်ဇီဖိုးရာစိန် ပြောသည်။

KNU အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် အစိုးရသစ်ကို ပထမဆုံး ကမ်းလှမ်း
လိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ တိုင်းရင်းသား အများစုက ငြိမ်းချမ်းရေးကို လိုလားကြတယ်။ သဘောထား အမြင်ကို
ပြောတယ်။ ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် အစိုးရက လက်ခံလား လက်မခံဘူးလား
ဆိုတာ သူတို့ သဘောထား အပေါ် မူတည်တယ်” ဟု နော်ဇီဖိုးရာစိန် ပြောသည်။

KNU ၏ ထုတ်ပြန်ကြေငြာချက် တွင် တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်ခပ် ရပ်စဲရန်၊
တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်မှုများ ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

၂၀၁၀ ရွေးကောက်ပွဲ ပြီးစီးခဲ့သော်လည်း ပြည်သူများကို အဓမ္မ လုပ်အားပေး ခိုင်းစေမှု နှင့်
လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု ဖော်ပြကာ အစိုးရသစ်
အနေနှင့် ထိုလုပ်ရပ်များ ရပ်တန့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ