Sunday, July 10, 2011

ဆူနာမီကြောင် ဂျပန်ရောက် ကရင်လူမျိုးများ အလုပ်လက်မဲ့ဖြစ်နေ

ဂျပန်နိုင်ငံတွင် ဆူနာမီကြောင့် နျူးကလီးယားယိုစိမ့်မှု ဖြစ်ပွားမှုနောက်ပိုင်း ပင်လယ် စားသောက်
ကုန် လုပ်ငန်းများ ပိတ်ထားသဖြင့် ဂျပန်နိုင်ငံရှိ ကရင်အလုပ်သမားအချို့အလုပ်လက်မဲ့ဖြစ်နေ
ကြောင်းသိရသည်။

ဆူနာမီ နောက်ပိုင်း တိုကျိုမြို့တော်ရှိ စားသောက်ဆိုင် အများစုမှာ ပုံမှန် ဖွင့်လှစ် မှု မရှိကြောင်း
တိုကျိုတွင် အလုပ်လုပ်နေသည့် ကရင်အမျိုးသမီး နော်အယ်မူးက ကရင် ကျောင်းသား လူငယ်
ကွန်ယက်သို့ ပြောသည်။

“စားသောက်ဆိုင် တော်တော်များများကတော့ ပိတ်ထားတယ်။ တချို့ကတော့ ဖွင့်ထားတယ်။
ဖွင့်ထားပေမယ့်လည်း ငလျှင် အခြေအနေကို ကြည့်ပြီး အခြေအနေ မကောင်းရင် အလုပ်သမား
တွေကို ပြန်ခိုင်းတယ်။ ဆိုင်မှာ စားသုံးတဲ့သူတွေလည်းသိပ်မရှိ၊ ပင်လယ် ရောင်းကုန်တွေလည်း
မရနိုင်သေးဘူးလေ၊ ဆိုင်အများစု က ပိတ်ထားတော့ စားသောက်ဆိုင်မှာ အလုပ် လုပ်တဲ့လူတွေ
အလုပ် လက်မဲ့ ဖြစ်နေတယ်။”

ဂျပန်နိုင်ငံ တိုကျိုနှင့် အခြားမြို့များတွင် အလုပ်လုပ်ကိုင်နေသည့် ကရင်လူမျိုး အရေအတွက် နှစ်
ရာခန့်ရှိပြီး အများစုမှာ စားသောက်ဆိုင်များ၌ အလုပ်လုပ်ကိုင်နေကြသည်။

ယခု အခြေအနေတွင် ပင်လယ်ကမ်းရိုးတန်း ဒေသများမှ ပင်လယ် အစားအစာများ ၀ယ်ယူမရရှိ
နိုင်သည့်အတွက် ပင်လယ် စားသောက်ဆိုင် အများအပြား ပိတ်ထားရကြောင်းလည်း
နော်အယ်မူးက ပြောသည်။

“လခစားအလုပ်နဲ့ အချိန်စားအလုပ် နှစ်ခုရှိတယ်။ ကျွန်မတို့ကတော့ လခစား မလုပ်နိုင်ဘူးလေ၊
စားသောက်ဆိုင်မှာ အချိန်စားအလုပ်နဲ့ပဲ အလုပ်လုပ်တယ်။ ကိုယ်အလုပ်လုပ်မှ ကိုယ်စားရမယ်
လေ။ ပြီးတော့ အိမ်လခ၊ မီးလခ၊ အိမ်အတွင်း စရိတ်တွေ အကုန်လုံးပေါ့။ အခုလိုမျိုးတော့ ငလျင်
အခြေအနေကို ကြည့်ပြီး အလုပ်ရှင်ခေါ်မှ အလုပ်ရှိမယ် ” ဟု ပြောသည်။

ဂျပန်နိုင်ငံရှိ ဆူနာမီသင့်သည့် ဒေသများသည် ကရင်လူမျိုးများ နေထိုင်လုပ်ကိုင်သည့် တိုကျိုမြို့
နှင့် မိုင်တစ်ရာနီးပါး ဝေးကွာသဖြင့် ဂျပန်ရောက် ကရင်များအနေဖြင့် အသက်အန္တရာယ်
တစုံတရာ ထိခိုက်မှုမရှိ ကြောင်းသိရသည်။

ဂျပန်နိုင်ငံတွင် ယခုလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူနာမီနောက်ဆက်တွဲနှင့် နူကလီးယား
စက်ရုံများ ပေါက်ကွဲမှုကြောင့် သေဆုံးသူ (၈) ထောင်ကျော် နှင့် ပျောက်ဆုံးနေသူ (၁)သောင်း
(၃)ထောင်ကျော် ရှိသည်ဟု တရားဝင် စာရင်းထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ