Sunday, July 10, 2011

DKBA နယ်ခြားစောင့်တပ် တပ်သားအသစ်ကောက်ယူ

နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်
မတော် (DKBA) တပ်ဖွဲ့က မြ၀တီမြို့နယ် အတွင်းရှိ ကျေးရွာများမှ တပ်သားသစ် (၇၅) ဦး
ပေးပို့ရန် မှာကြားထားကြောင်း ဒေသတွင်းမှ လာသော သတင်းများအရ သိရသည်။

ဒီကေဘီအေ (DKBA) ခေါင်းဆောင် ဗိုလ်မှူးကြီးချစ်သူ က ၎င်းတို့ အခြေစိုက်သည့်
ရွှေကက္ကိုလ်သို့ ကျေးရွာ ဥက္ကဌများကို ခေါ်ယူပြောကြားရာတွင်၊ တပ်သားသစ်များကို ယခုလ
(၂၇)ရက်နေ့ အရောက် ရွှေကက္ကိုလ်သို့ ပို့ပေးရမည် ဟု ပြောဆိုခဲ့ကြောင်း ခေါ်ယူ ပြောဆိုခံခဲ့ရ
သည့် ကျေးရွာတစ်ရွာတွင် ပါဝင်သည့် ကောဂေါ် ကျေးရွာအုပ်စု ဥက္ကဌဖြစ်သူ စောလှသိန်း က
ကရင်ကျောင်းသား ကွန်ယက်သို့ ပြောသည်။

“သူက အစိုးရသစ် စစ်သား မကောက်မှီ နယ်ခြားစောင့်တပ် တပ်သားအသစ် ကောက်မယ်။
တစ်ရွာကို ဘယ်လောက် ဘယ်လောက် ဆိုတာ ပြောတယ်။ တစ်ယောက် စစ်မှု (၂)နှစ်
ထမ်းရမယ်လို့ ပြောတယ။်”

စစ်သားအသစ် ကောက်ခံရသည့် ကျေးရွာများတွင် ရွှေကက္ကိုလ်မှ ၂၀ ဦး၊ သဲပွန့်မှ ၄ ဦး၊ ထီးဂေါ်
ထောမှ ၃ ဦး၊ ကောဂေါ်မှ ၁၀ ဦး၊ ထီးကြားရာမှ ၅ ဦး၊ တောအူမှ ၁ ဦး၊ ထီးဝါဘလောမှ ၁၂ ဦး၊
လို့ဘောမှ ၇ ဦး၊ စော်ခိုမှ ၄ ဦး၊ သေ့ကာယမှ ၂ ဦး၊ မယ်ပလယ်ထာ့(ချောင်းစုံ) မှ ၁ ဦး၊ သီဝါးပူ
မှ ၃ ဦး၊ နှင့် ဖားကျူးမှ ၃ ဦးတို့ တောင်းခံထားသည်။

ထိုဒေသများမှ ရွာသူရွာသားများသည် ယခင်နှစ်များ ကလည်း ဒီကေဘီအေ စစ်မှု ထမ်းခဲ့ဖူး
သဖြင့် ယခုနှစ်တွင် နယ်ခြားစောင့်တပ် အဖြစ် ထပ်မံစစ်မှု ထမ်းဆောင်ရမည်ကို မလိုလား
ကြောင်း စောလှသိန်းက ဆက် ပြောသည်။

“ရွာသားတွေက မလုပ်ချင်ကြတော့ဘူးလေ။ ဒီကေဘီအေ တုန်းက လုပ်လာခဲ့တာလဲဘာမှပြောင်း
လဲမှုမရှိပဲ အခုဟာ အစိုးရလက်အောက်ခံ ရောက်သွားပြီး ကရင် အချင်းချင်း ပစ်ခတ်ရမယ့် အဖြစ်
မျိုးလည်း ရွာသားတွေ ဘယ်လို လုပ်ချင်ကြမှာလဲ။” နယ်ခြားစောင့်တပ်အဖြစ် ဒီကေဘီအေ
အသွင် ကူးပြောင်း ပြီးနောက် အောက်ခြေတပ်သား အများအပြားက ကရင်အမျိုးသား အစည်း
အရုံး (KNU) ဖက်နှင့် ထိုင်းနိုင်ငံအတွင်းသို့ ဘက်ပြောင်း ခိုလှုံမှုများ ရှိခဲ့သည့် အတွက်
လူအင်အား ပြန်လည် ဖြည့်တင်းရန် တပ်သားသစ် ကောက်ယူခြင်း ဖြစ်မည် ဟု KNU ဘားအံ
ခရိုင်မှူး စောအောင်မော်အေး က ခန့်မှန်း ပြောဆိုသည်။

“နယ်ခြားစောင့်တပ် လက်ခံပြီး နောက်ပိုင်းမှာ ကေအဲယူ တပ်ဖွဲ့ထံ ထက်ပြေးတာ (၂၀၀)
လောက် ရှိနေပြီး အခြား နယ်မှာလည်း ထွက်ပြေးတာ ရှိတဲ့အတွက် သူတို့ လူအင်အား
နည်းလာမှာပေါ။့ သူတို့က အဲ့လို လိုက်မကောက်ရင် ဘယ်သူမှ မ၀င်ချင်ဘူး။”

လွန်ခဲ့သည့် (၁၅) နှစ် ဒီကေဘီအေ စတင်ပေါ်ပေါက်စဉ် ကတည်းက အလားတူ တပ်သားစု
ဆောင်းမှုများ လုပ်ခဲ့ကြောင်း၊ ရွာသားများ အနေဖြင့် မလုပ်ချင်ကြသော်လည်း အလှည့်ကျ
တာဝန်တစ်ရပ် အနေဖြင့် (၁) နှစ်၊ (၆) လ စသည်ဖြင့် စစ်မှုထမ်းခဲ့ကြောင်း ကောဂေါ်ရွာ
အကြီးအကဲ စောလှသိန်း က ပြောသည်။

ထိုသို့ ခွဲတမ်းချ ကောက်ယူရာ၌ ခွဲတမ်းချသည့် လူမပေးနိုင်ပါက ဒေသခံများထံမှ ငွေကြေး
ကောက်ခံသည် ဟု လည်း ဒေသခံများက ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး အတွက် နအဖစစ်အစိုးရထုတ်ပြန်ထားသည့်စည်းကမ်း
ချက်များ အရ နယ်ခြားစောင့်တပ် တပ်ရင်း တစ်ခုတွင် ရဲဘော် (၂၀၀) အထိ ထားရှိနိုင်သည့်
အခွင့်အရေး ပေးထားသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နယ်ခြားစောင်တပ်အဖြင့် အသွင် ကူးပြောင်းသည့် ဒီကေဘီအေ
အဖွဲ့ သည် ၁၉၉၅ ခုနှစ်တွင် အင်အားအကြီးဆုံး ကရင်ခွဲထွက် အဖွဲ့ ဖြစ်ပြီး ကရင်လူမျိုး
အချင်းချင်း တိုက်ခိုက်ခဲ့ကြရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ