Saturday, August 27, 2011

မလေးမှမြန်ဒုက္ခသည်များနေရပ်ရေးပြန်ပို့မည်

တစ်နေ့တစ်ခြားများပြားလာသော မြန်မာဒုက္ခသည်များကြောင့် UNHCR မလေးရှားသည်

လက်ရှိ ဒုက္ခသည် ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်ရန်အတွက် လူသားချင်းစာနာထောက်

ထားသော ဒုက္ခသည် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်၍

မလေးရှားနိုင်ငံလ၀က 6-P WORK PERMIT အစီအစဉ်ကို အခွင့်ကောင်းယူ၍ မလေးရှား

လ၀က ၀န်ကြီးဌာနနှင့် ပူးပေါင်း

ဆောင်ရွက်ကာ မလေးရှားနိုင်ငံ

ရောက် မြန်မာဒုက္ခသည်အားလုံးကို

နေရပ်သို့ ပြန်ပို့ရန် ဓာတ်ပုံရိုက်လက်

ဗွေနှိပ် အစီအစဉ်ကို သြဂုတ်လ( ၂၃)

ရက်နံနက်၈နာရီ မှစ၍ (၂၆)ရက်နေ့

အထိ ပထမပိုင်းအစီအစဉ်အဖြစ်တိုင်း

ရင်းသား အခြေပြု အဖွဲ့အစည်းများ

အားလုံးနှင့်ဒုတိယပိုင်းအစီအစဉ်ဖြစ်

ကျန်ရှိသော လူမူရေး၊ နိုင်ငံရေးပါတီ

အဖွဲ့အစည်းများ တစ်သီးပုဂ္ဂလ များ

အား နိုဝင်ဘာလမှ စတင်လုပ်ဆောင်

မည်ဖြစ်ကြောင်းယခုရရှိသော နောက်

ဆုံးသတင်းအရ ….



UNHCR Reg-Documents

စာရွက်ကိုင်ဆောင်သူ

များကိုမလေးရှား လ၀က

ဝန်ကြီးဌာနမှ ဓာတ်ပုံရိုက်

လက်ဗွေနှိပ်ခွင့်မပေးတော့ပဲ UNHCR မှလည်း ၄င်းစာရွက်ကိုင်ဆောင်သူများကို

ယနေ့မှစ၍ လုံးဝ တာဝန်မယူနိုင်တော့ကြောင်းအသိပေး ပြန်လွှတ်ခဲ့ကြောင်း ကိုယ်တိုင်

ခံစားခဲ့ရသော စာရွက်ကိုင်ဆောင်သည့် ဒုက္ခသည် တစ်ဦးမှ လွင်ပြင်သို့သတင်းပေးပို့ခဲ့ပါသည်။



ဤကဲ့သို့ UNHCR မလေးရှား၏ ရှက်ဖွယ်လိလိ တာဝန်မဲ့သော လုပ်ရပ်အတွက် ကမ္ဘာတစ်ဝှမ်း

ရှိ ဒို့ မြန်မာဟု ကြွေးကြော်နေကြသော မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အဖွဲ့အစည်းအသီးသီး

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီး ဒုက္ခသည် အရေးကို ဆောင်ရွက်ပေး

နေကြသော NGOs အဖွဲ့အစည်းအသီးသီး သတင်းဌာနအသီးသီး မှ လက်ပိုက်ကြည့်မနေသင့်

မြန်မာဒုက္ခသည်များ အရေးကို ထိရောက်သော ဖိအားပေးမူ့များဖြင့် ကမ္ဘာ့ ကုလသမဂ္ဂ ၊

လူ့အခွင့်အရေး ကောင်စီနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာဝန်ရှင်တော်မင်းကြီး

ရုံးချုပ်သို့ UNHCR မလေးရှား၏ လုပ်ရပ်ကို ထိရောက်စွာအရေးယူပေးရန်နှင့် လက်ရှိ

ဖြစ်ပေါ်နေသော မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်များအရေးကို ချက်ချင်း

ဆောင်ရွက်ပေးရန် ပြည်တွင်းလွင်ပြင်မှ သတင်းဖေါ်ပြအပ်ပါသည်။



No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ