Sunday, August 28, 2011

စင်္ကာပူသမ္မတရွေးကောက်ပွဲ တိုနီတန် အနိုင်ရ

စင်ကာပူသမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဒုတိယ၀န်ကြီးချုပ် တိုနီတန် (သြဂုတ်လ

၂၇၊ ၂၀၁၁)စင်္ကာပူသမ္မတရွေးကောက်ပွဲမှာ မဲတွေကို ပြန်လည်ရေတွက်ပြီးတဲ့နောက်မှာ ဒုတိယ

ဝန်ကြီးချုပ်ဟောင်း တိုနီ တန် (Tony Tan) အနိုင်ရသွားပါတယ်။



တိုနီ တန်ဟာ မဲ ၇,၀၀၀

အသာရပြီး အနိုင်ရသွား

တာလို့ ရွေးကောက်ပွဲ

တာဝန်ရှိသူတွေကပြော

ပါတယ်။

အစောပိုင်းတုန်းကသူနဲ့

သူ့ရဲ့ အဓိကပြိုင်ဖက်

ဖြစ်တဲ့ဆရာဝန်

တန်ချန်းဂ် ဘော့က်

(Tan Cheng Bock)တို့

နှစ်ယောက်ကြားမှာရ

ထားတဲ့မဲအရေအတွက်

က ၂%တောင်မကွာတဲ့

အတွက် မဲတွေကို ပြန်

လည်ရေတွက်ဖို့ ရွေး

ကောက်ပွဲ တာဝန်ရှိသူတွေက အမိန့်ပေးခဲ့တာပါ။



ဒီရွေးကောက်ပွဲဟာ စင်္ကာပူကို ၁၉၅၉ ခုနှစ်ထဲက အုပ်ချုပ်လာခဲ့တဲ့ People's Action Party (PAP)

အပေါ်ပြည်သူ့သဘောထား ကောက်ခံပွဲတခုအဖြစ်လည်း မြင်နိုင်ပါတယ်။ ဒုတိယဝန်ကြီးချုပ်ဟောင်း

တိုနီတန်ကို ထောက်ခံကြသူအများစုက နိုင်ငံရေးမှာ သြဇာညောင်းကြသူတွေ ဖြစ်ကြပါတယ်။



အရင် PAP ရဲ့ အမတ်တယောက်ဖြစ်ခဲ့တဲ့ တန်ချန်းဂ်ဘော့က်ကတော့အတိုက်အခံတွေကိုလူသိရှင်

ကြား ထောက်ခံသူတယောက် ဖြစ်ပါတယ်။တကယ်တော့ စင်္ကာပူနိင်ငံမှာ သမ္မတရာထူးဟာ နိုင်ငံရဲ့

အထွဋ်အထိပ်ရာထူးသင်္ကေတတခုသာ ဖြစ်ပါတယ်။လက်ရှိသမ္မတ အက်စ်အာနေသန်(S.R.Nathan)

ဟာ ၆ နှစ်ကြာ သမ္မတရာထူး သက်တမ်းကို ပြိုင်ဘက်မရှိ နှစ်ခါ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။ ဒီတခါ

သမ္မတရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်သူ သမ္မတလောင်း လေးယောက်ရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ