အသင်းတွင် စမ်းသပ် ကစားနိုင်ရန် စီစဉ် နေသည်ဟု သိရသည်
ဆာလီသည် လက်ရှိ အချိန်တွင် အင်ဒိုနီးရှားကလပ ပယ်လီတာဂျာယာ အသင်းတွင် ကစားနေသူဖြစ်သည်။
QPR နည်းပြ နေးလ်ဝါးနော့ခ်သည် အသက် ၂၇ နှစ်အရွယ် ဆာလီ၏ ခြေစွမ်းကို ဗွီဒီယိုတိပ်ခွေ မှတ်တမ်း
များမှ တစ်ဆင့် ကြည့်ရှု ခဲ့ပြီးနောက် အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်နေပြီဟု ဖာနန်ဒက်စ်က ပြောကြား
ခဲ့သည်။
“နေးလ်ဝါးနော့ခ်ဟာ ဆာလီရဲ့ တိပ်ခွေတွေကို ကြည့်ပြီးပါပြီ။ သူက သဘောကျ ပါတယ်။ သူ့ရဲ့ခြေစွမ်းကို စမ်းသပ်ဖို့ အတွက် လန်ဒန်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့် ထားပါတယ်” ဟု ဖာနန်ဒက်စ်က ပြော
ကြားခဲ့သည်။
ဆာဖီးဆာလီ၏ ပရီးမီးယားလိဂ်သို့ ခြေချနိုင်ရေး မျှော်လင့်ချက်ကို အဟန့်အတား ဖြစ်နေ
သည်မှာ အလုပ်လုပ်ခွင့် ပါမစ် ပြဿနာ ဖြစ်သည်။ အလုပ်လုပ်ခွင့် ပါမစ် ရရှိရန်မှာ ဥရောပ ပြင်ပ ကစား
သမား တစ်ဦးသည် ၎င်း၏ သက်ဆိုင်ရာနိုင်ငံ့လက်ရွေးစင် အသင်းတွင် ပုံမှန်ပါဝင် ကစားနေသူ ဖြစ်ရမည
်ဖြစ်ပြီး ၎င်း၏ နိုင်ငံလက်ရွေးစင် အသင်းသည် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အနည်းဆုံးအဆင
၇၀ တွင် ရပ်တည်နေရမည်ဖြစ်သည်
No comments:
Post a Comment