ဖြစ်ပွားမှုကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်း ၁၄ကျောင်း ပိတ်ပစ်လိုက်ရ
တယ်လို့ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG) ၀က်ဘ်ဆိုက် စာ မျက်နှာမှာ ဇူလိုင်လ (၂၉)
ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့သည့် လ (၂၀) ရက်နေ့ မြိုင်ကြီးငူ ဒေသတ၀ိုက်တွင် စောဘိဦးဆောင်တဲ့ နယ်ခြားစောင့်တပ်
မှ ခွဲထွက်သည့်အဖွဲ့ နှင့် နအဖ တပ်အကြား တိုက်ပွဲဖြစ်သဖြင့် ထိုအနီးအနား က ရွာသားများသည်
ထွက်ပြေးတိမ်းရှောင်နေရကြောင်းကိုလည်း (KTWG) က ဖော်ပြပါတယ်။
အပိတ်ခံရသည့် ကျောင်း (၁၄) ကျောင်းသည် များသောအားဖြင့် အလယ်တန်းကျောင်းများဖြစ်ပြီး
ကျောင်းသားပေါင်း (၁၀၀၀) ကျော်ရှိပါတယ်။ စောဘိတပ်နှင့် နအဖ တပ်များ တိုက်ပွဲဖြစ်ချိန်တွင် လက်နက်ကြီးများ ထိုအနီးအနားရွာတွင်
ပစ်ခတ် ကြသဖြင့် ရွာသားများအနေဖြင့် ကြောက်ရွံ့ကာ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်ကြောင်း
ထိုဒေသခံ ရွာသားတဦးက ပြောပြပါတယ်။
အဆိုပါ တပ်ဖွဲ့ဝင်များ နေ့စဉ်ရက်ဆက် ပစ်ခတ်မှုဖြစ်ပွားသဖြင့် လှိုင်းဘွဲမြို့နယ်ရှိ မယ့်ကွီးထာ၊
လော်ပူ၊ ၀ဲပျာ့၊ ၀ါ့တမူ့၊ မဲ့ဆေ၊ မဲ့ လော်ထာ၊ ထီးလာနဲ၊ ယော်ပို၊ တကြီကလား၊ သေရဖုိးကြီး၊ ကမားထာ၊ ကြီးေလး၊ ပနွယ့်သာကလား(ရွာသစ်)၊ ထီးပယ် စသည့်ကျေး ရွာများမှ စာသင်ကျောင်းအားလုံး ပိတ်ပစ်လိုက်ရသည်ဟု ဒီကေဘီအေအဖြစ် ပြန်လည်ရပ်တည်နေသည့် ခွဲထွက် နယ်ခြားစောင့် တပ်မှ ဆေးမှူးတဦးက ပြောပြပါတယ်။
ထိုသို့ ခွဲထွက်သွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ကို (၁၀၁၂)တပ်ရင်းမှူး ဗိုလ်မှူးစောဘိက
ဦးစီးလျှက်ရှိပြီး တပ်အင်အား ၁,၀၀၀ ကျော် ရှိပါတယ်။
ထို့အပြင် ပစ်ခတ်မှုများကြောင့် ကျောင်းသားမိဘ အများစုသည် ၎င်းတို့၏ ကလေးများအား
ကျောင်းဆက်မထားတော့ဘဲ အပြီးအ ပိုင် ကျောင်းထုတ်ပစ်ကာ ၎င်းတို့ပြောင်းရွှေ့ရာ
နေရာများသို့ တပါတည်း ခေါ်ဆောင်သွားကြောင်း Saw Edward အခြေအနေကို ပြောပြပါတယ်။
၎င်းပစ်ခတ်မှုများကြောင့် ထိုဒေသရှိ ဒေသခံရွာသားတချို့သည် ၎င်းတို့ နေရပ်ကိုစွန့်ခွာ၍
ထိုင်း-မြန်မာနယ်စပ် မဲ့သဝေါကျေးရွာ တနေရာတွင် ရောက်ရှိလာပြီး ယခုလ ၂၅ရက်နေ့
အထိဆိုလျှင် ရွာသူရွာသား ၁၀၀ဦးကျော်ရှိကြောင်း သိရပါတယ်။
No comments:
Post a Comment