Tuesday, August 9, 2011

လန်ဒန် အဓိကရုဏ်းကြောင့် ၀က်စ်ဟမ်း နှင့် ချာလ်တန်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့

လန်ဒန်အဓိကရုဏ်းကြောင့်ဝက်စ်ဟမ်း နှင့်ချာလ်တန်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပြီးအင်္ဂလန် နှင့်

ဟော်လန်အသင်းတို့ကစားမည့်ချစ်ကြည်ရေး ဘောလုံးပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းရဖွယ်ရှိနေ၊

လွန်ခဲ့သော ၄ရက်ခန့်ကတည်းကလန်ဒန်မြို့တော်အတွင်း၌လူငယ်များ နှင့်ရဲများအကြားအဓိက

ရုဏ်း ဖြစ်ပွါးလျက်ရှိနေခဲ့ရာရပ်ကွက်အတော်များများရှိအဆောက်အဦးများ၊ မော်တော်ယာဉ်များ၊

ဘတ်စ်ကားမှတ်တိုင်များမီးဟုန်းဟုန်းတောက်လောင်လျက်ရှိနေပြီး အသက် သေဆုံးမှုများလည်း

ရှိနေခဲ့ကြောင်း သိရသည်။



ဆူပူ ဆန္ဒပြမှုများမှာ တစ်ရက်ထက် တစ်ရက် အခြေအနေ ဆိုးရွားလျက်ရှိနေရာ လုံခြုံရေးတာဝန်

ကျနေသည့် ရဲတပ်ဖွဲ့ဝင်များကို ကျောက်ခဲ/ အုပ်ခဲများ၊ လက်လုပ်ဗုံးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်

မှုများ ရှိနေသကဲ့သို့ စတိုးဆိုင်များ၊ စားသောက်ဆိုင်များမှာလည်း မျက်နှာဖုံးတပ် လူငယ်များ၏

လုယက် ဖျက်ဆီးမှုများ ခံနေကြရသည်။



ယခုအချိန်အထိ လူပေါင်း ၂၁၅ ယောက်ကို ဖမ်းဆီးထားပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးထိခိုက်ဒဏ်ရာ

ရရှိထားခဲ့သည့်အပြင် ဘောလုံးပွဲစဉ်များကိုလည်း ရွှေ့ဆိုင်းရတော့မည့် အခြေအနေ ဖြစ်ပေါ်

လျက် ရှိနေသည်။ ဗုဒ္ဓဟူးနေ့တွင် ၀င်ဘာလေကွင်း၌ အင်္ဂလန် လက်ရွေးစင် အသင်းက

ဟော်လန် လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည့် ပွဲစဉ်ကို ရွှေ့ဆိုင်းရေးအတွက်

ဆုံးဖြတ်ချက်ကို နည်းပြ ကာပယ်လိုနှင့် အဖွဲ့က စောင့်ဆိုင်းနေရပြီး ရက်ရွှေ့ဆိုင်းရရေးမှာလည်း

သေချာသလောက် ဖြစ်နေခဲ့သည်။ ၀င်ဘာလေ ကွင်းနှင့် အနီးဆုံးနေရာများ ဖြစ်သော

Harlesden နှင့် Brent Cross နေရာတို့မှာ အဆိုးရွားဆုံး အခြေအနေများ ဖြစ်နေသည်။



အင်္ဂါနေ့က ကစားမည့် ၀က်စ်ဟမ်း အသင်းနှင့် ချာလ်တန် အသင်းတို့ ကစားသည့် လိဂ်ဖလား

ပွဲစဉ်ကိုလည်း ရဲတပ်ဖွဲ့၏ အကြံပြုချက်အရ ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်သည်။ဝက်စ်ဟမ်းအသင်း

အနေဖြင့် ယနေ့ညနေပိုင်း ဖြစ်ပျက်ခဲ့သော အများပြည်သူ လုံခြုံရေးဆိုင်ရာ ကိစ္စများကြောင့်၎င်း

ရဲတပ်ဖွဲ့၏ အကြံပေးချက်များ အရလည်းကောင်း ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်" ဟု

ဝက်စ်ဟမ်းအသင်းပိုင် ၀ဘ်ဆိုဒ်တွင် တရားဝင် ထုတ်ပြန်ကြေငြာခဲ့သည်။



ဘောလုံးပွဲစဉ်များ ရပ်နားထားရေးအတွက် ရဲတပ်ဖွဲ့အကြီးအကဲများက ဘောလုံးအဖွဲ့ချူပ်

တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သော်လည်း အဓိက အခက်အခဲကြီး တစ်ခုမှာ

ဝင်ဘာလေကွင်းတွင်း ကစားမည့် ပွဲစဉ်အတွက် လက်မှတ်ပေါင်း ၇၀၀၀၀ ကျော်ကို

ရောင်းချထားပြီး ဖြစ်ခြင်းပင် ဖြစ်သည်။ သို့သော် အခြေအနေအရ လက်မှတ်ဝယ်ယူထားသူ

ပရိသတ်များပင်လျင် အဆိုပါ နယ်မြေအတွင်း သွားလာရဲခြင်း မရှိပေ။



အီတလီနိုင်ငံတွင် အပန်းဖြေခရီး ရောက်နေသော ဒုတိယ ၀န်ကြီးချူပ် နစ်ခ်ကလက်ဂ်

(Nick Clegg) သည်လည်း အင်္ဂလန်သို့ ချက်ခြင်း ပြန်လာခဲ့ရပြီး ဆန္ဒပြပွဲများကို ထိန်းချူပ်ရေး

ကိုင်တွယ်နေကာ ဆန္ဒပြပွဲများသည် မဖြစ်သင့် မဖြစ်ထိုက်သော ဆန္ဒပြပွဲများ ဖြစ်ပြီး

အခွင့်အရေးသမားများက ပြုလုပ်သော ဆန္ဒပြပွဲ ဖြစ်သောကြောင့် လုံးဝ လက်မခံနိုင်စရာ

အခြေအနေ ဖြစ်သည်ဟု ပြောကြားခဲ့သည်။



လန်ဒန်မြို့တော် မြောက်ပိုင်း၌ စီးပွါးရေး ဖွံ့ဖြိုးမှု မရှိသော အခြေအနေ၊ အလုပ်လက်မဲ့ ဦးရေ

များပြီး လူမှုဖူလုံရေး အစီအစဉ်များ လျော့ချ ခံရသည့် အနေအထားများအပေါ် မကျေနပ်မှုများ

ကြီးထွားလာနေသောကြောင့် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပေါ်နေသည်ဟု လန်ဒန်မြို့ခံများက

ပြောသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ