အဖြစ် ဆောင်ရွက်ခွင့် ရရှိသွားသော လက်ထောက်ဒိုင်လူကြီးမက်ဆီ(Massey)

လက်ထောက်ဒိုင်လူကြီး မက်ဆီ(Massey)သည် ကွင်းလယ် ဒိုင်လူကြီး တစ်ယောက်အဖြစ်
ပရီးမီးယားလိဂ် ပွဲစဉ်များ ကိုင်တွင် ခွင့်ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။
ကိုဗင်ထရီ အရပ်တွင်နေထိုင်ပြီး ကျောင်းဆရာမ အလုပ်အား လုပ်ကိုင်ခဲ့သူ မက်ဆီ(Massey)သည်
နိုင်ငံတော်မှ တရားဝင် ထုတ်ပြန်သော အဆင့်တိုးမြှင့်ပေးသည့် စာရင်းတွင် အရွေးချယ်
ခံခဲ့ရခြင်းဖြစ်သည်။ ထိုသို့ရွေးချယ်ခံခဲ့ရခြင်းကြောင့် သူမသည် ယခုနှစ် ဘောလုံးရာသီသစ်၏
ပရီးမီးယားလိဂ်နှင့် FA ဖလားပွဲစဉ်များတွင် ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခွင့် ရရှိသွားပြီ
ဖြစ်သည်။
မက်ဆီ(Massey)သည် ဒိုင်လူကြီး တစ်ယောက်အဖြစ် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီ ဖြစ်သော်လည်း
ပရီးမီးယားလိဂ်ကဲ့သို့ အဆင့်မြင့်တန်းတွင် သူ့အား ကွင်းလယ် ဒိုင်လူကြီးတစ်ယောက်အဖြစ်
တာဝန်ပေးအပ် သွားလိမ့်မည် မဟုတ်ပဲ လက်ထောက်ဒိုင်အဖြစ်သာ ရွေးချယ်အုံးမည် ဖြစ်သည်။
ယခုတစ်ပါတ် စတင်မည့် ပရီးမီးယားလိဂ် ပွဲစဉ်များတွင် မက်ဆီ(Massey)အား မြင့်တွေ့ရအုံးမည်
မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အားလပ်ရက်အဖြစ် ခွင့်ရရှိထားပြီး စက်တင်ဘာလ
တွင်မှ ဘောလုံးပွဲစဉ်များအား စတင်ကိုင်တွယ် လိမ့်မည် ဖြစ်သည်။
No comments:
Post a Comment