Tuesday, August 23, 2011

အီတိုးအား ရောင်းချရာမှ ယူရို(၉၉)သန်းအထိ အံ့ဖွယ်ရရှိမည့် အင်တာမီလန်

အင်တာမီလန် အသင်းသည် အီတိုးအား ရုရှားကလပ် အန်ဇီသို့ ရောင်းချရာမှ ယူရို(၉၉)သန်းအထိ

အံ့ဖွယ် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။



အင်တာမီလန် အသင်းသည် အန်ဇီက အီတိုးအတွက် ကမ်းလှမ်းလာသော ယူရို(၂၇)သန်းတန်

ကမ်းလှမ်းချက်အား လက်ခံ လိုက်ကြောင်း Gazzetta dello Sport ကဖော်ပြသွားခဲ့သည်။





အင်တာမီလန်သည် အီတိုးနှင့် အန်ဇီတို့ ချုပ်ဆိုထားသော စာချုပ် သက်တမ်းကုန်သည်အထိ အီတိုး၏

လုပ်ခလစာမှ ယူရို(၁၂)သန်းအား အမြတ်အစွန်းအနေဖြင့် ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။



အခွန်များ၊ ပုံရိပ်အသုံးပြုခ အပါအ၀င် စုစုပေါင်း တစ်နှစ်လျှင် ယူရို(၂၄)သန်း ရရှိမည်ဖြစ်သည်။

အန်ဇီနှင့် အီတိုးတို့မှာ (၃)နှစ် စာချုပ်ချုပ်ဆိုမည် ဖြစ်သောကြောင့် တစ်နှစ် ယူရို(၂၄)သန်း၊

(၃)နှစ်လျှင် (၇၂)သန်း၊ ပြောင်းရွေ့ကြေး ယူရို (၂၇)သန်း စုစုပေါင်း (၉၉)သန်း အထိရရှိသွားမည်

ဖြစ်သည်။



အီတိုးက -

"အားလုံးကို ကျေးဇူးတင်ပါတယ်၊ တစ်ခုပြောချင်ပါတယ်၊ ကျွန်တော်မရှိလည်း အင်တာဟာ

အောင်မြင်မှာပါ" ဟု ထုတ်ဖော် ပြောကြားသွားခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ