အတွက် သွားရောက် အလုပ်လုပ်နေသော အီတလီ-ထိုင်း ကုမ္ပဏီ အနီး အနား တ၀ိုက်တွင်
နအဖစစ်တပ်နှင့် ကေအန်အယ်လ်အေ တပ်အကြား တိုက်ပွဲဖြစ်သဖြင့် ကုမ္ပဏီမှ သူတို့ ၏
အလုပ်သမားများကို ထိုင်းနိုင်ငံ ဘက်ခြမ်းတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ကေအန်အယ်လ် အေနှင့် နအဖ စစ်တပ်တို့သည် အီတလီ-ထိုင်းကုမ္ပဏီ အခြေစိုက် (၁)
ထိုင်း-မြန်မာနယ်စပ်နှင့် နီးသည့် နေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ထိုတိုက်ပွဲများကြောင့် အီတလီ-ထိုင်းကုမ္ပဏီက သူတို့၏ အလုပ်သမား (၅၀) ခန့်နှင့် ကားများကို
ထိုင်း နိုင်ငံဘက်ခြင်း ကုမ္ပဏီအခြေစိုက်သည့် ဖယ်ဖူနာရီတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
ထိုဒေသမှ တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ရွာသားတစ်ဦးက ကုမ္ပဏီအလုပ်သမားများ
အနေဖြင့် ၄င်းတို့ နေထိုင်သည့် နေရာ အနီးတွင် လက်နက်ကြီးကျသော်လည်း ထိခိုက်ဒဏ်ရာရမှု
မရှိဟုပြောပါတယ်။ နအဖစစ်တပ်ဘက် စစ်သား (၆) ဦး သေဆုံးကြောင်း ကြားသိရပါတယ်။
ကန်ချနဘူရီ-ထားဝယ် မီးရထားလမ်းဆောက်လုပ်ရေးကို ရပ်တန့်ရန်အတွက် ကေအန်ယူက
ဇူလိုင်လ ဆန်းတွင် ထုတ်ပြန်ကြေငြာထားခဲ့ပါတယ်။ ဤမီးရထားလမ်းကို ဆောက်ပါက
ဒေသခံများအပေါ် ဆိုးကျိုး အများကြီးရှိခြင်းနှင့် သဘာဝပါတ်ဝန်းကို ထိခိုက်စေသည့်အတွက
ဆောက်လုပ်ရေးစီမံကိန်းကို ရပ်တန့်ရန် လိုအပ်ကြောင်း ကေအန်ယူ ထုတ်ြပန်ကြေငြာချက်ထဲတွင် ဖော်ပြထားပါတယ်။
ကန်ချနဘူရီ-ထားဝယ်မီးရထားလမ်းဆောက်လုပ်ရေးသည် အီတလီ-ထိုင်းကုမ္ပဏီ၏ စီမံကိန်းကြီး တစိတ်တဒေသဖြစ်သည်။ အီတလီ-ထိုင်းကုမ္ပဏီင်္၏ စီမံကိန်းအတွက် ဒေါ်လ (၆၀) ဘီလီယံ ကုန်ကျပြီး ရေနက်ဆိပ်ကန်း၊ စက်ရုံကြီး၊ လမ်းမကြီး၊ မီးရထားလမ်း၊ လျှပ်စစ်မီး နှင့် ရေနံတူးဖော်ရေး တို့ပါဝင်ပါတယ်။
No comments:
Post a Comment