သည် လေ့ကျင့်ရေးအတွင်း နှလုံးသွေးကြောကျဉ်းရောဂါ ခံစားခဲ့ရပြီးနောက် ဆေးရုံတင်ပို့ခဲ့ရပြီး
၂ ရက်အကြာ ယနေ့နေ့လည် အချိန်က ဘ၀တစ်ပါးသို့ ပြောင်းရွှေ့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း
ဒေးလီးမေးလ် သတင်းစာအရ သိရသည်။
အသက် ၃၄ နှစ်ရှိ မတ်စ်ဆူဒါ သည် Matsumoto Yamaga အသင်းနှင့်ပြုလုပ်ခဲ့သော လေ့ကျင့်ရေးအစီအစဉ်အတွင်း ရုတ်တရက် လဲကျသွားကာ အသက်ရှုကြပ်ကာ နှလုံးသွေးကြောကျဉ်း ရောဂါကို
ပြင်းပြင်းထန်ထန် ခံစားခဲ့ရခြင်း ဖြစ်သည်။
"ဒီနေ့ နေ့လည် ၁ နာရီ ၆ မိနစ် အချိန်မှာပဲ သူဟာ ဘ၀ တစ်ပါးကို ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါပြီ။
အင်္ဂါနေ့ကတည်းက စိုးရိမ်စရာ အခြေအနေ ဖြစ်ခဲ့တဲ့ မတ်စ်ဆူဒါကို ဂျပန်နိုင်ငံတစ်ဝှမ်းက
ပရိသတ်တွေက ဆုတောင်း ပေးခဲ့ကြပါတယ်။" ဟု Yamaga အသင်း ဥက္ကဌကြီး Hiroshi Otsuki
က ပြောကြားခဲ့သည်။
မတ်ဆူဒါသည် ဂျပန်လက်ရွေးစင် ကစားသမားအဖြစ် ပွဲပေါင်း ၄၀ အထိ ကစားပေးခဲ့သူ ဖြစ်ပြီး
၂၀၀၂ ခုနှစ် ဂျပန် နှင့် တောင်ကိုးရီးယားတွင် ကျင်းပသော ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက်ခံလူ
အဖြစ် ကစားပေးခဲ့သူ ဖြစ်သည်။
၁၉၉၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ပြည်တွင်း ပရော်ဖက်ရှင်နယ်လ်လိဂ် ဖြစ်သော ဂျေလိဂ် အခြေစိုက်
Yokohama အသင်း အတွက် ၃၈၅ ပွဲ ကစားပေးခဲ့ပြီး ချန်ပီယံ ဖြစ်အောင် ၃ ကြိမ်တိုင်
စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်သည်။
No comments:
Post a Comment