Sunday, August 7, 2011

ရေကြီးလို့ နေအိမ်နှစ်ရာငါးဆယ်ကျော် ပျက်စီး

ထိုင်းနိုင်ငံ မဲစရီးယားမြို့နယ် မယ်ရာမို ဒုက္ခသည်စခန်းမှာ မိုးရွာသွန်းမှု အလွန်များပြားပြီး

ချောင်းရေကြီး တဲ့အတွက် နေအိမ် နှစ်ရာ့ငါးဆယ်ကျော် နဲ့ ရိက္ခာဂိုဒေါင် သုံးလုံး ရေလွှမ်းမိုး

ခံနေရကြောင်း လို့ စခန်းကနေ ရရှိတဲ့ သတင်းအရ သိရပါတယ်။ ဒါဟာ စခန်းထဲမှာ ပထမဆုံး

အကြိမ်အနေနဲ့ ရေကြီးတာ ဖြစ်ပါတယ်။



မဲစရီးယား မြစ်ကမ်းဘောင် တစ်လျှောက်မှာ တည်ရှိတဲ့ မယ်ရာမိုဒုက္ခသည်စခန်း ရပ်ကွက်

ခြောက်နဲ့ ရပ်ကွက် ခုနှစ်(A)မှာ ရှိတဲ့ နေအိမ်တွေကို ရေလွမ်းမိုးခံရလို့ အဲဒီ့မှာ နေထိုင်သူတွေဟာ

မှုကြိုကျောင်း၊ ဘုရားကျောင်းနဲ့ မိမိတို့ အမျိုးတွေဆီမှာ မှီခို နေရတယ်လို့ စခန်းတွင်းမှာ နေထိုင်သူ

ဒုက္ခသည် တဦးက ပြောပါတယ်။



“သူတို့ နေအိမ်တွေ နေလို့မှမရတော့ဘူး အားလုံးပျက်ကုန်ပြီးလေ အခုလောလောဆယ်မှာ

မူကြိုကျောင်း၊ ဘုရားကျောင်းနဲ့ သူတို့ အမျိုးတွေ ဆီမှာပဲနေရတယ်။ သူတို့ နေဖို့ အိမ်တော့

မကျန် တော့ဘူးလေ သူတို့ရဲ့ အိမ်သုံးပစ္စည်း တချို့လည်း ရေထဲပါသွားတော့ သူတို့အတွက်

စားဝတ်နေရေးအဆင်ပြင်ဖို့တော့ မလွယ်သေးဘူး”



ရေလွှမ်းမိုးခံရတဲ့ ရိက္ခာဂိုဒေါင် တစ်လုံးကနေ ရိက္ခာသုံးပုံတစ်ပုံပဲ ပြန်ရတယ် နောက်ပြီး မယ်ရာမို

ဒုက္ခသည်စခန်းကို နှစ်ခြားခွဲစီးဆင်းတဲ့ မယ်ရာမို ချောင်းမှာ ချောင်းဖြတ်ကူးဖို့ အဓိကကျတဲ့တံတား

တွေလည်း ပျက်စီးသွားလို့ စခန်းထဲက ကျောင်းတွေပိတ်ထားရတဲ့ အကြောင်း သူကဆက်

ပြောပါတယ်။



လူဦးရေ ၁၇၇၂၅ ယောက်ရှိပြီး မဲစိုးရီးယားနဲ့ ၂နာရီလောက်ကားစီးရတဲ့ မယ်ရာမိုဒုက္ခသည်စခန်းက

ရေကြီးမှုမှာ အသေအပျောက် မရှိဘူးလို့ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ