မင်း ကြီးရုံး) မှတ်ပုံတင်ရာမှာ မအောင်ပဲ ကျန်ခဲ့တဲ့ ဒုက္ခသည်တွေရဲ့စာရင်းကို လိုက်လံကောက်
ယူဖို့ ယူအဲန်က စခန်းကော်မတီတွေ ကို မှာကြားထားကြောင်း အုန်းဖြန် စခန်းရေးရာမှူး
စောထူးကလယ် ကပြောပါတယ်။

သူတို့ ပြန်ကောက်ခိုင်းတယ်လေ အခုရပ်ကွက်မှူးတွေတောင် စခန်းကော်မတီဆီပြန်တင်နေပြီး”
အခုလို ယူန်အဲန်ကိုယ်တိုင်က ထိုင်းအာဏာပိုင်တွေကို အသိမပေးပဲ ဒုက္ခသည်စခန်းတွေမှာရှိတဲ့
ပီအေဘီအုပ်စု စာရင်းကို ပြန်လည်ကောက် ယူတဲ့အတွက် ပီအေဘီတွေကို ဒုက္ခသည် အနေနဲ့
ပြန်လည် လက်ခံဖို့ အလားအလာ ရှိကြောင်း စောထူကလယ်က ခန့်မှန်းပြောသွားပါတယ်။
၂၀၀၅ခုနှစ်က ယူအဲန်မှတ်ပုံတင်ရာမှာတော့ ယူအဲန်မှတိုက်ရိုက်ဒုက္ခသည်တွေကို သတ်မှတ်ခွင့်မရှိပဲ
ထိုင်းအာဏာပိုင်မှတဆင့် ဒုက္ခသည်တွေကို သတ်မှတ်ပေးလို့ ဒုက္ခသည်စခန်းတွေမှာ စစ်ပြေး
ဒုက္ခသည်မဟုတ်ပဲ လာရောက်နေထိုင်တဲ့ ကျောင်းသူကျောင်းသားနဲ့ စခန်း ဝန်ဆောင်မှုဝန်ထမ်း
တွေကို ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်အနေနဲ့ အသိအမှတ်မပြုပဲ ပီအေဘီအနေနဲ့
သတ်မှတ်ခဲ့တယ်လို့ မယ်လဒုက္ခသည် စခန်းဥက္ကဌ စောထွန်းထွန်းကပြောပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသ ခရိုင် ၄ ခုမှာ ဒုက္ခသည်တွေအတွက် စခန်း ၉ ခု ရှိပြီး လူဦးရေ
စုစုပေါင်း ၁ သိန်း ၄ သောင်းကျော် မှီခို နေထိုင်နေကြပါတယ်၊ ဒီအထဲက ၉ သောင်း ၂ ထောင်
ကျော်ကိုသာ ဒုက္ခသည်အနေနဲ့ UNHCR က အသိအမှတ်ပြု လက်ခံထားတာဖြစ်တယ် လို့
သိရှိရပါတယ်။
No comments:
Post a Comment