အခြေစိုက် New York Cosmos အသင်းနှင့် မန်ယူဂန္တ၀င် ကစားသမားကြီး ပေါစခိုး၏
ဂုဏ်ပြုနုတ်ဆက်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ ၆-၀ ဖြင့် အနိုင်ရခဲ့ပြီး အဖွင့်ဂိုးကို ပေါစခိုးက
ကစားသမားဘ၀ တစ်လျောက် သူ ကန်သွင်းနေကျ ပုံစံအတိုင်း ပင်နယ်လ်တီ ဧရိယာအပြင်ဖက်မှ
ကန်သွင်းယူခဲ့ခြင်း ဖြစ်သည်။

ဂိုးတိုင်ညာဖက် အပေါ်ဘားတန်းထိအောင်ကန်ပြီး သွင်းခဲ့ခြင်း ဖြစ်သလို၊ တတိယမြောက် ဂိုးကို
အန်ဒါဆင်က ၄င်း၊ စတုထ္ထမြောက် ဂိုးကို ၀ဲလ်ဘတ်က၄င်း၊ ဒီအော့ဖ်က ကျန် ၂ ဂိုးကို
လည်းကောင်း သွင်းယူခဲ့ကြသည်။
ပေါစခိုး၏ ဂုဏ်ပြု နုတ်ဆက်ပွဲသို့ ထာဝရ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ်
သတ်မှတ်ခံထားရသည့် ပီလီ နှင့်အတူ မန်ယူအသင်း၏ ဂန္တ၀င် ကစားသမားကြီး အဲရစ်ကင်တိုနာ
တို့ တက်ရောက်ခဲ့သည်။ အသင်းခေါင်းဆောင် လက်ပတ် ၀င်ဆင်ကစားခဲ့သော ပေါစခိုးက သား
သမီးများနှင့်အတူ မန်ချက်စတာ ယူနိုက်တက် အသင်း၏ ကွင်းအတွင်း ၀င်ရောက်ပြီး ပရိသတ်ကို
နုတ်ဆက်ခဲ့သည်။
No comments:
Post a Comment