Friday, September 2, 2011

ပွဲအပြီး ရလဒ်အတွက် ဖာဂူဆန် အံ့သြခဲ့ရ

။မန်ယူနည်းပြ ဖာဂူဆန်က ၎င်းအနေဖြင့် အာဆင်နယ် အသင်းကို ၈း၂ ဖြင့် အနိုင်ရခဲ့သော
အိမ်ကွင် အသင်း၏ ပွဲအပြီးရလဒ်နှင့် ပတ်သက်၍ အံ့သြမိကြောင်း ပြောကြားလိုက်သည်။
အဆိုပါ ပွဲစဉ်တွင် ရွန်းနေ၏ ဟက်ထရစ်အပြင် အက်ရှ်လေယန်းက နှစ်ဂိုးသွင်းကာ ၀ဲလ်ဘက်၊
ပတ်ဂျီဆန်နှင့် နာနီတို့၏ သွင်းဂိုးများဖြင့် မန်ယူက အနိုင်ရခဲ့ပြီး အာဆင်နယ် အသင်းအတွက်
ချေပဂိုး ၂ ဂိုးကို ဝေါလ်ကော့နှင့် ဗန်ပါစီတို့က သွင်းယူသွားခဲ့သည်။ ဖာဂူဆန်က “ခင်ဗျားအနေနဲ့
အခုလို ရလဒ်မျိုးထွက်ပေါ်လာတာ အံ့အားသင့်စရာတစ်ခုပါ။ ဒီပွဲမှာ အာဆင်နယ်ကလည်း
အားနည်းချက်ရှိတယ်လို့ ခင်ဗျားကထင်ခဲ့မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။


ကျွန်တော်တို့ကိုယ်တိုင်လည်း အမှားများခဲ့လို့ သူတို့ကတောင် အခွင့်အရေးတွေ အများကြီး
ဖန်တီးနိုင်ခဲ့ပါတယ်။ သူတို့ဟာ တိုက်စစ်ကို အသုံးချနိုင်တဲ့ အရည်အသွေးမျိုး ရှိနေဆဲပါဘဲ။
ဒါပေမယ့် တစ်ပွဲလုံးခြုံ ကြည့်ရင်တော့ ကျွန်တော်တို့ အနေနဲ့ ခြေစွမ်းကို ရခဲ့လို့ အလွန်ဘဲ ကျေနပ်ပါတယ်” ဟုပြောဆိုခဲ့သည်။

ယမန်နေ့ ပွဲရလဒ်ဆိုးကြောင့် ယခုတစ်ပတ်အတွင်း ဖိအားများနှင့် ဝေဖန်ခံရဖွယ်ရှိနေသည့်
အာဆင်နယ်နည်းပြ ၀င်းဂါးနှင့် ပတ်သက်၍ ဖာဂူဆန်က "သူ့ကို ဝေဖန်မယ်ဆိုရင်တော့
မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အာဆင်နယ် အသင်း အတွက် အကောင်းဆုံး
ကြိုးစားပေးခဲ့တာပါ။

သူဟာ အာဆင်နယ်အသင်းကို ဖျော်ဖြေရေးရသဆန်တဲ့ ကစားသမားတစ်ချို့ နဲ့အတူ ဘောလုံး
ဒဿန တစ်ခုကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ သူဟာ အာဆင်နယ် အသင်းကို အကောင်းဆုံး
ဖြစ်အောင် ပျိုးထောင် နိုင်ခဲ့တာပါ။ ဒီလို သူ့ရဲ့ အရည်အချင်းကောင်းတွေကို လူတွေက
မေ့နေပုံရပါတယ်။ ခင်ဗျားအနေနဲ့ ပွဲ အနည်းငယ်လောက် ရှုံးပြီးဝေဖန်တာကို ခံရမယ်ဆိုရင်
တော့ဒါဟာ သိပ်ကို အတ္တဆန်လွန်းတဲ့ လုပ်ရပ်တစ်ခုပါ”ဟု ပြောဆို ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ