Friday, September 9, 2011

ဒေသခံများကိုကာကွယ်ရန်အတွက် ရွာသားတွေထံမှ ငွေကြေးကောက်ခံ

၂၀၁၁ခုနှစ်သြဂုတ်လ(၂၉)ရက်နေ့တွင်နအဖခလရ(၅၆၁)တပ်ရင်းမှူးလှမြင့်ဆွေမှကရင်ပြည်
နယ်၊ဘိတ်-ထားဝယ်ခရိုင်အတွင်းမှာတည်ရှိသည့်ပ၀ါဒေသများမှကျေးရွာတရွာစီကိုငွေကြေး
(၇၀၀၀၀)ကျပ်နှင့်ဆန်(၅)တင်းအားပ၀ါဒေသပြည်သူ့စစ်များကိုလစဉ်ပေးရမည်တောင်းခံ
ကြောင်းပ၀ါဒေသခံတာဝန်ရှိသူများကသတင်းပေးပါသည်။

ပ၀ါဒေသအတွင်းတွင်ကရင်ကျေးရွာ
ပေါင်း(၄)ရွာရှိပြီးနအဖခလရ(၅၆၁)မှာ
ထိုကျေးရွာများအတွက်ပြည်သူ့စစ်ကို
စည်းရုံးဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

ယခုလောလောဆယ်တွင်ပြည်သူ့စစ်
(၁၈) ဦးကို ဖွဲ့စည်ထားပြီးလက်နက်
များကိုလည်းပေးအပ်ထားသည်။
ပ၀ါဒေသအတွင်းတွင်ကရင်ကျေးရွာပေါင်း(၄)ရွာရှိပြီးနအဖခလရ(၅၆၁)မှာထိုကျေးရွာများအ
တွက်ပြည်သူ့စစ်ကိုစည်းရုံးဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။ယခုလောလောဆယ်တွင်ပြည်သူ့စစ်
(၁၈) ဦးကို ဖွဲ့စည်ထားပြီးလက်နက်များကိုလည်းပေးအပ်ထားသည်။

ပ၀ါဒေသရှိကျေးရွာတရွာဖြစ်သည့်မီးလောင်ကွင်းကျေးရွာမှရွာသားများကပြည်သူ့စစ်လုပ်ချင်
သည့်ဆန္ဒမရှိကြောင်းနှင့်နအဖစစ်တပ်မှအတင်းအဓမ္မခေါ်ယူသိမ်းသွင်းကြောင်းနှင့်ပြည်သူ့စစ်
မလုပ်ပါကစစ်တပ်ထဲဝင်ရမည်ဟုခြိမ်းခြောက်သည့်အတွက်ကြောင့်လုပ်ရကြောင်းရွာသူကြီး
တစ်ဦးကအခြေအနေကိုပြောပြသည်။

ထိုဒေသခံရွာများကနအဖစစ်တပ်များ၏တောင်းဆိုချက်များကိုအမြဲတမ်းပေးရပြီးယခုလည်းရွာ
သားများ၏အခက်အခဲများနှင်ပြသနာကိုနားမလည်မဖြေရှင်းပေးပဲပြည်သူ့စစ်အတွက်တရွာ
လျှင်ငွေ(၇၀၀၀၀)ကျပ်နှင့်ဆန်(၅)တင်းကိုလစဉ်ပေးရမည်ဖြစ်ကြောင်းထိုရွာသူကြီးကပြောပြ
ပါသည်။

မီးလောင်ကွင်းပြည်သူ့စစ်မှူးစောဒစ်ကသူ့ဆန္ဒမရှိပဲပြည်သူ့စစ်လုပ်ရကြောင်း၊ရွာသာများ၏ချွေး
နဲစာကိုမယူချင်ကြောင်း၊နအဖကရွာသားတွေထံမှာတောင်းသလောက်သူတို့ပြည်သူ့စစ်ကိုပြန်
မပေးကြောင်းပြောပြပါသည်။သို့သော်လည်းသူတို့မှာရွေးချယ်စရာလမ်းမရှိပဲ၊မတတ်သာလို့
လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သူ၏ခံစားချက်ကိုပြောပြပါသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ