Friday, September 9, 2011

ဂုဏ်သိက္ခာရှိသည့် ငြိမ်းချမ်းရေး လမ်းစဉ်ဖြစ်ရန် DKBA လိုလား

ဦးသိန်းစိန် အစိုးရ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တနိုင်ငံလုံးအတိုင်းအတာ
ဆောင်သည့် ဆွေးနွေးမှုများကို ဂုဏ်သိက္ခာရှိစွာ လုပ်ဆောင်သွားရန်လိုလားကြောင်း တိုးတက်
သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) ကလို့ ထူးဘော စစ်ဌာနချုပ်က သြဂုတ်
လ ၂၂ရက်၊ နေ့စွဲဖြင့် သဘော ထား ထုတ်ပြန်ခဲ့ပါတယ်။

ထို ထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသားလက်
နက်ကိုင်အဖွဲ့များ၏ ယုံကြည်ကိုးစားမှုကို ရ
ရှိရန်အတွက် တပြည်လုံး အတိုင်း အတာ
ဆောင်သည့် အပစ်အခတ်ရပ်စဲရေးကိုတရား
ဝင်ကြေညာရန်၊ တိုင်းရင်းသား ဒေသတွင်အ
ခြေစိုက် သည့် တပ်များကို နောက်တန်းဌာန
ချုပ်သို့ ပြန်ရုပ်ရန်၊ထိန်းသိမ်းထားသည့် နိုင်ငံ
ရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်
လွှတ်ကာ နိုင်ငံရေး တွင်ပါဝင်ခွင့်ပေးရန်နှင့်
အဲန်အယ်လ်ဒီပါတီအပါအ၀င် အခြားနိုင်ငံခြား
ပါတီများနှင့် အစိုးရအဖွဲ့တို့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုင်ပင်ဆောင်ရွက် ရန်
တောင်းဆိုထားပါတယ်။
သြဂုတ်လ ၁၈ရက်နေ့က မြန်မာ့အသံမှ ထုတ်လွှင့်သော သမ္မတ ဦးသိန်းစိန်၏ ပြည်တွင်းငြိမ်းချမ်း
ရေးနှင့် ပတ်သက်သော လုပ်ငန်းစဉ်အရ ငြိမ်းချမ်းရေးလိုပါက ပြည်နယ်အစိုးရများနှင့် ဦးစွာ ဆွေး
နွေးရန် ပြောကြား ချက်မှာ စစ်အစိုးရအဆက်ဆက်မှ ကျင့်သုံးခဲ့သည့် သပ်လျှိုဖြိုခွဲသည့်စနစ်ဖြစ်
သည်ဟု DKBA ၏ ထုတ်ပြန် ချက်တွင် ထည့်သွင်းထားပါတယ်။

ထို့အပြင် DKBA ၏ ထုတ်ပြန်ချက်အရ မြန်မာအစိုးရသည် နယ်ခြားစောင့်လက်ခံလိုက်သည့်ယခင်
DKBA တပ်မှူးဟောင်းအ ချို့ကို စေလွှတ်၍ ၎င်းတို့အဖွဲ့အစည်းအတွင်း ဖဲ့ထုတ်စည်းရုံးမှုများရှိ
သည်ဟု ထောက်ပြ ထားသလို ထိုနည်းပရိယာယ်မှာ အစိုး ရ၏ လုပ်ရိုးလုပ်စဉ်တခုသာ ဖြစ်သည်
ဟုလည်း ပြောဆို ထားပါ တယ်။

DKBA သည် ၁၉၉၅ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ခွဲထွက်လာသည့်အဖွဲ့ဖြစ်ပြီး
ကလို့ထူးဘောတပ်ဖွဲ့မှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်အတွက်၂၀၁၀ခု
နှစ် နိုဝင်ဘာလမှစ၍ ယခုအချိန်ထိ အစိုးရကို ပြန် လည် တိုက်ခိုက်နေပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ