Tuesday, September 6, 2011

အုန်းဖြန်ဒုက္ခသည်တွေ ဂျပန်နိုင်ငံမှာခြေချခွင့်ရှိ

အာရှ တိုက်မှာရှိတဲ့ ဂျပန်နိုင်ငံက တတိယနိုင်ငံအနေနဲ့ ၂၀၁၂မှာ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊
ဖုတ်ဖရမြို့နယ် မှာရှိတဲ့ အုန်းဖျန် ဒုက္ခသည် တွေကို ပထမဆုံးအကြိမ် လက်ခံခေါ်ယူသွားမယ်လို့
အုန်းဖျန်စခန်းရေးရာမှူး စောထူး ကလယ်ကပြောပါတယ်။

ဇူလိုင်လမှာ ဂျပန်အစိုးရ ကိုယ်စား
လှယ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)
အဖွဲ့တို့က အုန်းဖျန် စခန်းရှိ တာဝန်
ရှိသူတွေနဲ့ လာရောက်တွေ့ ဆုံပြီး
ဂျပန်နိုင်ငံသွားရောက် နေထိုင်လိုတဲ့
ဒုက္ခသည်တွေကို လာမယ့်နှစ် စက်
တင်ဘာလမှာ အမည်စာရင်းလာ
ကောက်မှာဖြစ်ပေမယ့် စိတ်ဝင်စား
တဲ့ ဒုက္ခသည်တွေနည်းတယ် လို့
စခန်းကော်မတီတွေကိုအသိပေး ပြောကြား သွားပါတယ်လို့စောထူးကလယ်ကပြောပါတယ်။

"သူတို့ လာပြောတဲ့အတိုင်း ဒုက္ခသည်တွေကိုမေးကြည့်တော့ စိတ်ဝင်စားတဲ့သူနည်းတယ်။အဓိက
ကအလုပ် သွားလုပ်မယ့်သူ တွေပဲ ခေါ်မယ်လေ တချို့လူတွေက ပညာသွားသင်ချင်တာလည်းရှိ
တယ်လေ မိသားစု များတဲ့သူလည်း သွားခွင့်မရှိ၊ ဒုခိတတွေလည်းသွားခွင့်မရှိ၊ သွားချင်တဲ့သူတွေ
အား လုံးသွားခွင့်မရှိဘူးလေ"

ဂျပန်နိုင်ငံကို လျှောက်ခွင့်မရှိသူတွေက ဒုက္ခိတ မဖြစ်ရ၊ မိသားစုဦးရေ ၄ယောက်ထက် မများရ၊
အသက် ၄၀နှစ်ထက်အရွယ်မရှိတဲ့သူတွေဖြစ်ပြီး UNHCRရဲ့ တရားဝင် မှတ်ပုံတင်လက် မှတ်ကိုင်
ဆောင်ထား တဲ့ အိမ်ထောင်သည်တွေသာလက်ခံတာဖြစ်ပါတယ်။ဂျပန်အစိုးရက စိုက်ပျိုးရေးအ
ခြေခံရှိတဲ့သူတွေ ပိုအလိုရှိတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ အခြေချတဲ့ ဒုက္ခသည်တွေကို ဂျပန်အစိုးရက ငွေကြေးနဲ့အတူ ဂျပန်ဘာသာစကား၊
စာပေ ယဉ်ကျေးမှုနဲ့ အသက်မွေးဝမ်းကျောင်း ပညာတို့ကို ၆လကြာ ကူညီထောက်ပံ့သင်ကြား
ပေးမှာဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၀ခုနှစ်က ထိုင်း-မြန်မာနယ်စပ် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ မယ်လစခန်းမှ
ဒုက္ခသည် ၂၇ဦးကို ပထမဆုံးအနေနဲ့ ဂျပန်အ စိုးရက ၎င်းနိုင်ငံမှာ အခြေချ နေထိုင်ခွင့်ပြုခဲ့ပြီး
ဒီနှစ် အတွက် ဒုတိယ သုတ်အနေနဲ့ မယ်လဒုက္ခသည် ၂၆ဦးကိုဂျပန်ဘာသာစကားယဉ်ကျေးမှုနဲ့
ပတ်သက်တဲ့ သင်တန်းပေးနေပြီး ဖြစ်တယ်လို့ စခန်းကော်မတီတွေကပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ တောင်ဘက် ၇၅ကီလိုမီတာခန့် အကွာရှိတဲ့ အုန်းဖျန်စခန်းက ၁၉၉၉ခု
နှစ်မှာ စတင် တည်ထောင်ခဲ့ပြီး မြန်မာဒုက္ခသည် နှစ်သောင်းကျော် နေထိုင်လျက်ရှိပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊
ဘန့်ဒုံယမ်း စတဲ့ ကရင်ဒုက္ခ သည်စခန်း ၇ခုနဲ့ ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအ၀င်
ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိတယ်လို့သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ