ဘူလ်ဂေးရီးယား ပရိတ်သတ်များက အသားအရေ ခွဲခြားလှောင်ပြောင်ခဲ့မှုကို ယူအီးအက်ဖ်
အေက ယနေ့တွင် ကြားနာစစ်ဆေးသွားမည် ဖြစ်ပြီး ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်
အပေါ် လိုအပ်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရှိရသည်။

ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်ကို ယင်းကိစ္စနှင့် ပါတ်သက်ပြီး ဖြေရှင်းပေးရန်
တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကြားနာစစ်ဆေးပြီးလျှင် ပြစ်မှု ထင်ရှားခဲ့ပါက ဘူလ်ဂေးရီးယား ဘောလုံးအဖွဲ့ချုပ်အပေါ်
ဒဏ်ငွေတစ်ရပ်ရပ်သော်လည်းကောင်း သို့မဟုတ် ဘူလ်ဂေးရီးယားအသင်း၏ အိမ်ကွင်းပွဲစဉ်
များကို ပရိတ်သတ်များ မပါစေပဲ အကန့်အသတ် ကာလတစ်ခုဖြင့် ကစားစေရန်သော်လည်း
ကောင်း ပြစ်ဒဏ်တစ်ခုခု ချမှတ်သွားဖွယ် ရှိနေသည်။
No comments:
Post a Comment