Wednesday, September 7, 2011

ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ မန်ယူကနီဖွင့်ဟ

မန်ချက်စတာယူနိုက်တက်အသင်း၏ ပေါ်တုဂီတောင်ပံကစားသမား နာနီက သူ့အနေဖြင့် ကမ္ဘာ့
အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာရန် စွမ်းရည်မျိုးရှိနေကြောင်း ယုံကြည်နေမိသည်
ဟု ထုတ်ဖော်လိုက်သည်။

နာနီမှာစပို့တင်းလစ္စဘွန်းအသင်း
မှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့
သည်မှာ လေးရာသီတိုင်ခဲ့ပြီးဖြစ်
ပြီး ယခုအခါ မန်ယူအသင်းမှာ
အဓိကကစားသမားတစ်ဦးဖြစ်နေ
သလို မန်ယူအသင်းတိုက်စစ်ပိုင်း
တွင်လည်း အလွန်အားကိုးရ
သူဖြစ်နေသည်။

နာနီမှာ အသင်းဖော်များရွေးချယ်
သည့်အကောင်းဆုံးကစားသမားဆုအားပြီးခဲ့သည့်ရာသီအတွက်ရရှိခဲ့သူဖြစ်ပြီး ယခုနှစ်ရာသီတွင်
လည်း သူ့ရဲ့အကောင်းဆုံးပုံစံနှင့်အတူ လေးပွဲကစားကာ သုံးဂိုးသွင်းယူပေးထားသည်။

နာနီက "ကျွန်တော့်မှာ အိမ်မက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘော
လုံးသမား တစ်ယောက်ဖြစ်ဖို့ပါပဲ။ ဒါပေမဲ့ ဒါကိစ္စအတွက် ကျွန်တော့်ကိုယ် ကျနော် ပျက်ပြား
အောင်လုပ်မှာမဟုတ်ပါဘူး။ ကျွန်တော့်ကမ္ဘာ့အကောင်းဆုံးဖြစ်ချင်တာကတော့ ကျွန်တော့်မှာ
နောက်ထပ် ရည်မှန်းချက်တွေရှိနေပြီး အသင်းနှင့်အတူ ဆုဖလားအမြောက်အများဆွတ်ခူး
တာမျိုးပေါ့။

ကျွန်တော် ဘောလုံးကစားခြင်း ပြီးဆုံးသွားတဲ့အချိန်မှာတော့ လူတွေပါးစပ်ဖျားမှာ အသင်းနှင့်
အတူ ဆုဖလားအမြောက်အများ ၊ စံချိန်တွေတင်နိုင်ခဲ့တဲ့ နာနီဟာ အလွန်ကောင်းမွန်တဲ့ ကစား
သမား တစ်ယောက်ပါဆိုပြီး ပြောဆို နေကြ လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။ ကမ္ဘာ့အကောင်း
ဆုံးကစားသမားတွေေ၇ွးချယ်ရာမှာ ကျွန်တော့် ပါဝင်နိုင်ပါတယ်။

ဒါပေမဲ့ ဒီအရာအတွက် ကျွန်တော် အကောင်းဆုံး ကြိုးစား လုပ်ဆောင်ပြီး ထုတ်ဖော်ပြသဖို့
လိုပါလိမ့်မယ်။ တစ်ခါတစ်လေမှာတော့ ထင်မှတ်ထားတဲ့အတိုင်း ဖြစ်မလာတတ်ပါဘူး။ ဒါပေမဲ့
ကျွန်တော် ပြောခဲ့တာတွေအတွက် ဖြစ်လာနိုင်ဖို့ကို ကျွန်တော် အစွမ်းကုန်ကြိုစားလုပ်ဆောင်
သွားမှာပါ" ဟုပြောကြားခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ