ခန်းအတွင်းနေထိုင်သည့်လူဦးရေစာရင်း၊ တတိယနိုင်ငံတွင်သားရောက်အခြေချသည့်လူစာ
ရင်း၊ နိုင်ငံခြားသို့သွားရောက်နေထိုင်လိုသည့်လူစာရင်း၊ထိုင်းနိုင်ငံအတွင်းတွင်နေထိုင်လို
သည့်လူစာရင်းနှင့်မြန်မာနိုင်ငံသို့ ပြန်သွားလိုသည့်လူစာရင်းကို ကောက်ခံဖို့ ညွှန်ကြားထား
ပါတယ်။
(၂၄) ရက်နေ့မှာအုန်းပြန်ဒုက္ခသည်စခန်းကော်မတီနဲ့တွေ့ဆုံပြီးမေးမြန်းခဲ့ပါတယ်။ သူတို့အနေ
ဖြင့် ဒီညွှ့န်ကြားချက်နဲ့ပါတ်သက်ပြီးဘာမှသိရှိထားခြင်းမရှိကြောင်းစခန်းကော်မတီတွေကို ပြော
ပြပါတယ်။
ဒီအကြောင်းကိုအုန်းပြန်ဒုက္ခသည်စခန်းကော်မတီဝင်မန်းစီတုကပြောသည်မှာ“ တပ်ခရိုင်မှူး
စာရင်းတွေကောက်ခိုင်းတဲ့ကိစ္စကိုUNHCRကဘာမှမသိလို့ ကျတော်တို့စခန်းကော်မတီကိုလာ
မေးတယ်။ ကျတော်တို့ကလည်း ညွန်ကြားချက်ထဲကစာရင်းကောက်ရမှာကလွဲရင် ဘာကြောင့်
ကောက်တယ်ဆိုတာထိုင်းအာဏာပိုင်တွေကကျတော်တို့ကဘာမှမပြောပြဘူးUNHCRကတော့ အထက်နဲ့ပြန်ဆွေးနွေးပြီးရင် ကျတော်တို့ကို ပြန်အကြောင်းကြားမယ်လို့
ပြောတယ်”။
ယခုလောလောဆယ်အတွင်းမှာရပ်ကွက်မှူးတွေကထိုင်းအာဏာပိုင်ညွန်ကြားထားတဲ့အတိုင်း
လူစာရင်းတွေကောက်ခံနေရပါတယ်။ စာရင်းများကိုစက်တင်ဘာလတွင်တင်ပြရန်လည်းတိုင်း
အာဏာပိုင်တွေကတောင်းထားပါတယ်။
မန်းစီတူအနေဖြင့်ယခုလိုစာရင်းတွေကောက်ခံတာကဘာအကြောင်းမှမသိရပေမဲ့ထိုင်း-မြန်မာ
ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်ခြင်း၊မဖွင့်ခြင်းနဲ့သက်ဆိုင်မည်ဟုထင်ကြောင်းလည်းပြော
ပြပါတယ်။
ဒီလိုလူဦးရေကောက်ခံခြင်းကိုကျန်တဲ့စခန်းတွေကညွန်ကြားချက်မရရှိပဲအုန်းပြန်ဒုက္ခသည်စ
ခန်းတခုအတွင်းတွင်သာလုပ်ဆောင်ရခြင်းဖြစ်ပါတယ်။
တပ်ဆင်အစိုးရလက်ထက်တွင်ထိုင်း-မြန်မာစီးပွားရေးဇုံဖွင့်လှစ်ပြီးဒုက္ခသည်များအားအလုပ်အ
ကိုင်ပေးရန်စီစဉ်ထားမှုရှိခဲ့ဖူးကြောင်း သိရပါတယ်။
တပ်ခရိုင်တွင်းတွင်နို့ဖိုး၊အုန်းပြန်နှင့်မယ်လဒုက္ခသည်စခန်းသုံးခုရှိပြီးမယ်လမှာဒုက္ခသည်စခန်း
အကြီးဆုံးဖြစ်ပြီးအုန်းပြန်ကဒုတိယအကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။
No comments:
Post a Comment