Thursday, October 20, 2011

ထိုင်းနိုင်ငံမှာ ရေဘေးသင့်ပြည်သူတွေကို ဒုက္ခသည်တွေကူညီ

ထိုင်းနိုင်ငံ ရေကြီးရေလျှံမှုကြုံနေရတဲ့ ရေဘေး ဒုက္ခသည်တွေကို ကူညီဖို့ ထိုင်း-မြန်မာနယ်စပ် ဒုက္ခ
သည် စခန်းအသီးသီးက အလှူငွေ ကောက်ခံဖို့ ကေအာစီ(ကရင်ဒုက္ခသည်ကော်မတီ)က ဒီလ၁၃
ရက်နေ့ကစပြီး ညွန်ကြားထားတယ်လို့ ကေအာစီ ဒုဥက္ကဌ စောဂျောက်ကပြောပါတယ်။

ထိုင်းနိုင်ငံက ခရိုင်ပေါင်း ၆၀ ရှိ
လူဦးရေ ၈၂သိန်း ရေဘေးဒုက္ခ
ကြုံတွေ့ခဲ့ရသလို စီးပွားရေးအ
ရအမေရိကန် ဒေါ်လာ ၂ဘီလီ
ယံခန့်ဆုံးရှုံးရလို့ဒုက္ခသည်တွေ
အနေနဲ့တစ်ယောက်အခက်အ
ခဲကိုတစ်ယောက် ကကူညီဖို့လို
အပ်တဲ့ အပြင် ထိုင်းအစိုးရ နဲ့
ဆက်ဆံရေး အားကောင်း လာ
အောင်လုပ်တာဖြစ်တယ်လို့
စောဂျောက်ကပြောပါတယ်။


“ညီကိုမောင်နှမချင်း အခက်အခဲကြုံနေရသလို ကျနော်တို့လည်း တတ်နိုင်သလောက် လုပ်ရမှာပဲ
လေ ကျနော်တို့က ထိုင်းနိုင်ငံမှာခုံလှုံနေရတဲ့အတွက် ဆက်ဆံရေးကောင်းလာဖို့ အကောင်းလုပ်
ဆောင်ရမှာပေါ့”

အဲ့ဒီရေဘေးသင့် ဒုက္ခသည်တွေကို ကူညီဖို့ ငွေကြေးကလွဲပြီး အခြားကူညီမှုမပေးနိုင်လို့ အလှူငွေ
တွေကို ဒုက္ခသည်တွေရဲ့စေတနာအပေါ်မှုတည်ပြီး ရရှိတဲ့ငွေကြေးတွေကို ရေဘေးသင့် ဒေသခံ
တွေကို ကူညီတဲ့ ကော်မတီ ထံပို့ပေးမှာဖြစ်ပါတယ်။

ဇူလိုင်လ၂၅ရက်နေ့စပြီး ထိုင်းနိုင်ငံမှာ တိုက်ခတ်လာတဲ့အပူပိုင်းမုန်တိုင်းကြောင့် စံချိန်တင်မိုးရွာ
သွန်းမှူးဖြစ်ကာ ထိုင်းနိုင်ငံတ၀က်ကျော် ရေကြီးရေလျှံမှုနဲ့ရင်ဆိုင်နေရပြီး ရေလွမ်းမိုးခံနေရတဲ့ဒေ
သတွေမှာရှိတဲ့ စက်ရုံလုပ်ရုံတွေ ရပ်ဆိုင်းနေရတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား
တွေလည်း အလုပ်လက်မဲ့ ဖြစ်ကာ အခက်အခဲကြုံနေရပါတယ်တယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ