Saturday, October 22, 2011

ဆာပေါ်လိုမှာ စပြီး ရီယိုဒီဂျာနီရိုမှာ အဆုံးသတ်မယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာသည် ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပြိုင်ပွဲအစီအစဉ်များကိုဘရားဇီး
နိုင်ငံတွင်အတည်ပြုခဲ့ပြီးအဆိုပါ ပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခန်းအနားကို ဆာပေါ်လို(Sao Paulo)
မြို့တွင် ကျင်းပသွားရမည် ဖြစ်ကြောင်း သိရသည်။

၂၀ကြိမ်မြောက်ကမ္ဘာ့ဖလား
ပြိုင်ပွဲကြီးသည၂၀၁၄ ခုနှစ်
ဇွန်လ ၁၂ရက်နေ့ကြာသပ
တေးနေ့တွင်စတင်လိမ့်မည်
ဖြစ်ပြီးအဖွင့်ပွဲစဉ်အားဒေသ
စံတော်ချိန်၁၇း၀၀နာရီတွင်
စတင်ယှဉ်ပြိုင်သွားမည် ဖြစ်
ကြောင်း သိရသည်။အဆိုပါ
ပြိုင်ပွဲကြီး၏ နောက်ဆုံးဗိုလ်
လုပွဲအား ရီယိုဒီဂျာနီရို(Rio
de Janeiro)မြို့ရှိမာရာကာ
နာ(Maracana)ကွင်းကြီးတွင်၂၀၁၄ဇူလိုင်၁၃ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၁၆း၀၀ နာရီတွင် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ »

ပွဲစဉ်အားလုံး (၆၄)ပွဲအား ဘရာဇီးနိုင်ငံ၏ မြို့ကြီး (၁၂)မြို့တွင် အသီးသီးယှဉ်ပြိုင်ကစားသွား
ရမည် ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်နိုင်ငံသည် အဆိုပါ ဖလားကြီးအား(၅)ကြိမ်ဆွတ်ခူးရရှိ
ထားပြီး အအောင်မြင်ဆုံး အသင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကြီးအားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည်ဟုမျှော်လင့်ရသောအီတလီအသင်းသည်
(၄)ကြိမ်ဆွတ်ခူးထားပြီးဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်သည်။လက်ရှိချန်ပီယံစပိန်အ
သင်းသည် အဆိုပါ ဆုဖလားကြီးအား တောင်အာဖရိက ၂၀၁၀ ပြိုင်ပွဲကြီး၏ ဗိုလ်လုပွဲစဉ်တွင်
နယ်သာလန်အသင်းအားအနိုင်ရရှိခဲ့ပြီးနောက်ပထမဦးဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလား ဖွင့်ပွဲ အခန်းအနား ကျင်းပခွင့် အတွက် ဆာပေါ်လိုမြို့အား ရွေးချယ်ခြင်း ခံခဲ့ရ
သည့်အတွက် ကျေနပ်ပျော်ရွှင်နေတဲ့ ရော်နယ်ဒိုဘရားဇီး ဂန္တ၀င် ရော်နယ်ဒိုက ၂၀၁၄ ကမ္ဘာ့
ဖလား အဖွင့်ပွဲစဉ်အား ဂုဏ်ယူစွာဖြင့် လက်ခံကျင်းပခွင့်ကိုဆာပေါ်လိုမြို့အားပေးအပ်ခဲ့သည့်
အတွက် ကျေနပ်ဝမ်းမြောက်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။

ဘရာဇီး ဘောလုံးအဖွဲ့ချုပ်(CBF)သည်အဆိုပါ ပြိုင်ပွဲကြီး၏ ပမာဏအစီအစဉ်များကိုကြာသာ
ပတေးနေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ အဆိုပါ ကြေငြာချက်တွင် မည်သည့်မြို့များက ကမ္ဘာ
့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွေးစင် အသင်းများအား ဧည့်ခံခွင့် ရရှိမည်၊ မည်သည့်မြို့က ကမ္ဘာ့
ဖလားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခန်းအနားနှင့် ဗိုလ်လုပွဲစဉ်တို့အား ကျင်းပခွင့် ရရှိမည်တို့ကို ထုတ်
ပြန်ကြေငြာခဲ့သည်။

ပွဲစဉ်ပေါင်း (၆၄)ပွဲအား အဆိုပါ တောင်အမေရိကနိုင်ငံ၏ မြို့ကြီး ၁၂ မြို့တွင်ယှဉ်ပြိုင်ကစား
သွားကြမည် ဖြစ်ပြီး ဗိုလ်လုပွဲစဉ်ကျင်းပသွားမည့် သမိုင်းဝင် မာရာကာနာ(Maracana)ကွင်း
ကြီးသည် လက်ရှိအချိန်တွင် ပွဲစဉ်များအား တိုးချဲ့ဆောက်လုပ်ဆဲ ဖြစ်သောကြောင့် အငြင်း
ပွားဖွယ် အခြေအနေတွင် ရှိနေသည်။

အဆိုပါ အခန်းအနားအပြီးတွင် ဘာကာ၊ အင်တာ၊ ရီးရဲလ် နှင့် အေစီ ကစားသမားဟောင်းက
"လူတိုင်း ပျော်ရွှင်နေကြပါတယ်၊ ဒီလိုကျင်းပခွင့် ရရှိခဲ့တာဟာ ပြည်နယ်အစိုးရ၊ ဒီမြို့တော်
ရဲ့ စည်ပင်သာယာရေးအဖွဲ့နဲ့ ကိုရန်သီ ပရိသတ်တွေ အားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့
လိုပဲ ဖြစ်ပါတယ်။

လူတိုင်း ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပြီး ကျွန်တော်လည်း ဒီကျင်းပခွင့် ရရှိရေး အဖွဲ့ထဲမှာ
အဖွဲ့ဝင်တစ်ယောက် အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါကို ဘယ်နေရာမှ မလုပ်နိုင်ပါဘူး၊ ဒါပေမယ့်
ဆာပေါ်လိုက လုပ်နိုင်ပါတယ်။" ဟု Globesporte သို့ပြောကြားခဲ့သည်။

ရော်နယ်ဒို ပြောကြားသွားသလိုပင် ကိုရန်သိဆောက်လုပ်ရေး ၀န်ထမ်းတစ်ဦးဖြစ်သည့် ဆန်
ချက်က သူ၏ ၀မ်းသာမှုကို ဖေါ်ပြခဲ့ပြီးလာမည့်ကမ္ဘာ့ဖလားကျင်းပချိန်တွင်၎င်းတို့၏ မြို့တော်
ကြီးသည် မည်သည့် ပြဿနာမျှ မရှိပဲ အဆင်သင့် ဖြစ်နေမည်မှာ သေချာကြောင်း ပြောကြား
သွားခဲ့သည်။

"ကျွန်တော်တို့ လုပ်ငန်းတွေ အပြီးသတ်ရမယ့်အချိန်ဟာ ၂၀၁၃ နှစ်ကုန်မှာ ဖြစ်ပါတယ်၊ ဒါပေ
မယ့် အဲဒီနှစ်ရဲ့ စက်တင်ဘာလမှာ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပါလိမ့်မယ်။"

၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲကြီး၏ အဖွင့်ပွဲစဉ်အား ဇွန်လ၁၂ ရက်နေ့နှင့်နောက်ဆုံးဗိုလ်လုပွဲအား
ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ