နိုင်ငံတွင် အတည်ပြုခဲ့ပြီး အဆိုပါ ပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခန်းအနားကို ဆာပေါ်လို (Sao Paulo)
မြို့တွင် ကျင်းပသွားရမည် ဖြစ်ကြောင်း သိရသည်။
၂၀ကြိမ်မြောက်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးသည်၂၀၁၄ခုနှစ်
ဇွန်လ၁၂ရက်နေ့ကြာသပ
တေးနေ့တွင်စတင်လိမ့်မည်
ဖြစ်ပြီးအဖွင့်ပွဲစဉ်အားဒေသ
စံတော်ချိန်၁၇း၀၀နာရီတွင်
စတင်ယှဉ်ပြိုင်သွားမည်ဖြစ်
ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကြီး၏ နောက်ဆုံး ဗိုလ်လုပွဲအား ရီယိုဒီဂျာနီရို (Rio de Janeiro) မြို့ရှိ မာရာကာ
နာ (Maracana)ကွင်းကြီးတွင် ၂၀၁၄ ဇူလိုင် ၁၃ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ၁၆း၀၀ နာရီ
တွင် လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲစဉ်အားလုံး (၆၄)ပွဲအား ဘရာဇီးနိုင်ငံ၏ မြို့ကြီး (၁၂)မြို့တွင် အသီးသီး ယှဉ်ပြိုင် ကစားသွား
ရမည် ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်နိုင်ငံသည် အဆိုပါ ဖလားကြီးအား (၅)ကြိမ်ဆွတ်ခူး ရရှိ
ထားပြီး အအောင်မြင်ဆုံး အသင်းဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကြီးအား ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဟုမျှော်လင့်ရသောအီတလီအသင်းသည
(၄)ကြိမ်ဆွတ်ခူးထားပြီး ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်သည်။လက်ရှိချန်ပီယံစပိန်အသင်း
သည် အဆိုပါ ဆုဖလားကြီးအား တောင်အာဖရိက၂၀၁၀ ပြိုင်ပွဲကြီး၏ဗိုလ်လုပွဲစဉ်တွင်နယ်သာ
လန် အသင်းအား အနိုင်ရရှိခဲ့ပြီးနောက် ပထမဦးဆုံး အကြိမ် ဆွတ်ခူး နိုင်ခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment