Sunday, October 2, 2011

မန်စီးတီးရဲ့ ဆက်ဆံမှု ကိုတော့ အံ့သြမိတယ် (တိဗက်ဇ်)

မန်စီးတီးကစားသမား တိဗက်ဇ်သည် ၎င်း၏လုပ်ရပ်အပေါ်တုန့်ပြန်လိုက်သော မန်စီးတီးအသင်း
၏ တုန့်ပြန်ချက်ကို အံ့သြသင့်မိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။

Daily Star ၏ဖော်ပြချက်
အရ တိဗက်ဇ်သည် မွေး
ရပ်မြေမှ မိသားစုထံသို့
ပြန်ရန်ပြင်ဆင် နေပြီဖြစ်
ကြောင်း၊ လက်ရှိအချိန်
တွင် တိဗက်ဇ်သည် ချက်
ရွိုင်းယား မြို့သို့ခေတ္တ
ပြောင်းရွေ့ နေထိုင်နေပြီ
ဖြစ်ကြောင်း သိရသည်။
မြူးနစ်ဖြစ်ရပ်အတွက်
အရေးယူခဲ့သော မန်စီးတီးအား တိဗက်ဇ်
က ၎င်းအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရကြောင်း၊စပါးကစားသမား မိုဒရစ် ချဲလ်ဆီးအသင်း
သို့ ပြောင်းရွေ့ ကစားချင်သောကြောင့် အသင်းဥက္ကဌအား လူသိရှင်ကြား ဝေဖန်ခဲ့သည်ကို
စပါးအသင်းက အပြစ်မယူသည့်အပြင် အသင်း၏ စံချိန်တင်လစာဖြင့်ပင် ကမ်းလှမ်းခဲ့ကြောင်း
ထောက်ပြပြောဆိုသွားသည်။

ထို့အတူပင် မန်ယူတိုက်စစ်မှုး ၀ိန်းရွန်းနီသည်လည်း မန်ယူအသင်းဖြင့် ပြဿနာ အကြီးကျယ်
တက်ခဲ့သော်လည်း အသင်း၏ နံပါတ်(၁) ကစားသမား နေရာမှ လျော့ကျသွားခြင်း မရှိကြောင်း
ဆက်လက်ပြောကြား သွားခဲ့သည်။ ထို့အပြင် ဘာစီလိုနာ အသင်းသို့ ပြောင်းရွေ့ကစားချင်
သည်ဟု ထုတ်ဖော်ပြောကြား ခဲ့သော ဖာဘရီဂတ်စ်အား အာဆင်နယ် အသင်းက အသင်း
ခေါင်းဆောင် လက်ပတ်ပေး၍ ထိန်းသိမ်းခဲ့ဖူးကြောင်း ပြောကြားပြီး၊ မန်စီနီသည် ၎င်းအပေါ်
တွင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်၍ ကလဲ့စားချေခြင်းသာ ဖြစ်ကြောင်း ဝေဖန်ပြောကြားလိုက်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ