မန် နေ့ည (၆)နာရီအချိန်ခန့်တွင် အမျိုးသမီး(၂)ဦးနှင့် အမျိုးသား(၂၀)ဦးပါဝင်သော မြန်မာပြည်
သားတစ်စုကို ပြန်ပို့ရန် KLIA (Kuala Lumpur International Airport) တွင် တွေ့ရှိရသည်။
ရဲများခြံရံထားသော ၄င်းမြန်မာပြည်သား(၂၂)ယောက်သည် KLIA လေယာဉ်ကွင်းအ၀င်တွင်လက်
ထိပ်ကိုယ်စီ ခတ်ထားပြီး လ၀ကဌာနဖြတ်ရန် တန်းစီသည့်အချိန်မှသာ ရဲများက လက်ထိပ်ဖြုတ်ခဲ့
ကြောင်းမျက်မြင်သက်သေ တစ်ဦးဖြစ်သူ စောဂျိမ်းက ဆိုပါသည်။

တာပါ၊ လ၀က ဌာနရောက်မှ
လက်ထိပ်ဖြုတ်ပေးတာကို
တွေ့ရတယ်။လက်ထဲမှာ စာ
ရွက်တစ်ရွက်ကိုယ်စီကိုင်
ထားတာလည်းတွေ့ရတယ်။
အပေါ်ကနေလာရောက်
စောင့်ကြိုနေတဲ့ အဖေါ်တစ်
ယောက်ကလည်း ဟိုရောက်
ရင် အကြိုးအကြောင်းသိရ
အောင် ဖုန်းပြန်ဆက်နော်
ဆိုပြီး အော်ပြောနေတာ
လည်းတွေ့ရတယ်"ဟု ၄င်းက ဆိုပါသည်။
မလေးရားပြည်ထဲရေးဝန်ကြီးဌာနမှ ပြန်ပို့မည့်ထိန်းသိမ်းခံမြန်မာပြည်သားများထဲတွင် ဒုက္ခသည်
များမပါဝင်ကြောင်း၊ မြန်မာအစိုးရက ဆက်လက် အရေးယူ ဖမ်းဆီးမှာ မဟုတ်ကြောင်း ထုတ်ဖေါ်
ပြောကြားခဲ့သော်လည်း မလေးရှား NGO အဖွဲ့များကမူမြန်မာပြည်တွင် မလေးရှားနိုင်ငံသားအ
ကျဉ်းသားဦးရေ မည်မျှရှိကြောင်း မသိရှိရပဲယခုကဲ့သို့ အကျဉ်းသားဖလှယ်မှုက နည်းလမ်းမကျ
ကြောင်း၊ ပြန်ပို့ခံရသည့် မြန်မာပြည်သားများကိုလည်း စိုးရိမ်ပူပန်မိကြောင်း ပြန်လည်ချေပခဲ့
သည်။
မလေးရှားအစိုးရအနေဖြင့် ယခုကဲ့သို့ ထိန်းသိမ်းခံအကျဉ်းသားများ ပြန်ပို့သည့်အစီအစဉ်ကို သို
သိုသိပ်သိပ် လုပ်ဆောင်နေသောကြောင့် မည်မျှ ပြန်ပို့ပြီးစီးခဲ့ကြောင်းကို မသိရှိရသေးပေ။
No comments:
Post a Comment