ခုအား ခြေဆော့လက်ဆော့ ယူမိသဖြင့် သတိပေးမှု ခံလိုက်ရကြောင်း သိရှိသည်။အက်သလက်
တီကို မက်ဒရစ်မှ ပြောင်းရွှေ့လာပြီး အင်္ဂလန် ချန်ပီယံ အသင်းတွင် တစ်ပတ်လုပ်ခ ပေါင်စတာ
လင် (၇၀၀၀၀)ကျော် ရရှိနေသည့် စပိန်လူငယ် ဂိုးသမားသည် မုန့်တစ်ခုကို ဆိုင်ဝန်ထမ်းများ

စားပစ်ခဲ့ပြီး ဆိုင်ပြင် ပြန်
ထွက်ရန်ကြိုးပမ်းခဲ့ကြောင်း
The Sunသတင်းစာကဖော်
ပြခဲ့သည်။ ဂရိတ်တား မန်
ချက်စတာရှိ Krispy Kreme
မုန့်ဆိုင်တွင် ဖြစ်ပွားခဲ့သော
အဆိုပါ ကိစ္စကို ဆိုင်၏ လုံ
ခြုံရေး ၀န်ထမ်းက လုံခြုံရေး
ကင်မရာမှတဆင့် တွေ့ရှိကာတားဆီးခဲ့ကြောင်း The Sun ကဆိုသည်။
ဒီဂီယာသည် စပိန်သား သူငယ်ချင်း နှစ်ဦးနှင့်အတူ အဆိုပါ ဆိုင်ထဲသို့ ရောက်ရှိ လာခြင်းဟု
မျက်မြင်များကဆိုသည်။ အသက်(၂၀)အရွယ် ဂိုးသမားလေးနှင့် သူငယ်ချင်းများသည် စပိန်
ဘာသာဖြင့် ရယ်ရယ်မောမော ပြောဆိုရင်း ဆိုင်ထဲသို့ ၀င်လာခဲ့ကြောင်း မျက်မြင်များက
ဆိုသည်။
ဒီဂီယာနှင့် အခြားလူငယ် တစ်ဦးတို့သည် ဒိုးနတ်မုန့် တစ်ခုစီကို ယူကာ စားပစ် လိုက်ပြီးနောက်
ဆိုင်ထဲမှ ပြန်ထွက်ရန် ဦးတည်ခဲ့ရာ လုံခြုံရေးများက တားဆီးခဲ့ခြင်းဟု သိရသည်။
Kripsy Kreme ဆိုင် ဖွင့်လှစ်ထားရာ Tesco မှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ ဖြစ်စဉ်အတွက်
ရဲဌာနကို အကြောင်းမကြားဘဲ သတိပေးမှုသာ ပြုလုပ်ခဲ့ကြောင်း သတင်းထောက်များအား ပြော
ကြားခဲ့သည်။
"ဈေးဝယ်သူ တစ်ယောက်ကို ကျွန်တော်တို့ လုံခြုံရေး ဌာန တာဝန် ရှိသူတွေက စကား ပြောခဲ့
ပါတယ်။ အဲဒီကိစ္စက အေးအေးဆေးဆေးပဲ ဖြေရှင်းနိုင်ခဲ့ပါတယ်" ဟု ၎င်းက အတည်ပြုသွား
သည်။
No comments:
Post a Comment