Thursday, November 10, 2011

လောကကြီးကကြောက်စရာကောင်းပါသည်

တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့ တက္ကသိုလ်ကျောင်းသူ မိန်းက
လေးတစ်ယောက်က ကပွဲမှာ ယောကျာင်္းလေးတစ်ယောက်နဲ့ တွေ့ခဲ့ရကာနေ ဟိုတယ်ကို သွားဖို့သ
ဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီး အိပ်ပျော်သွားခဲ့
တယ်။ နှိုးလာတဲ့အချိန်မှာတော့ သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။

“ နံပတ်၁၂၀ ကိုဖုန်းဆက်ပါ၊မ
ဟုတ်ရင်နင်သေလိမ့်မယ်”လို့
ရေးထားတဲ့စာတစ်စောင်ကို
ကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်
သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေး
နားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမ
ကဖုန်းဆက်ပီးအခုအဖြစ်အ
ပျက်ကိုပြောပြတော့ ဆရာဝန်
က သူမရဲ့နောက်ကျောဘက်
ကိုစစ်ဆေးကြည့်ဖို့ အကြံပေး
ခဲ့တယ်။


စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက် အောက်ဘက်နားလောက်မှာ ၉လက်မ ရှည်တဲ့
ဒါဏ်ရာ အပေါက်၂ခုကို တွေ့ခဲ့တယ်။ ဆရာဝန်က သူမကို ချက်ချင်းပဲ ရေခဲကန်ထဲကို ပြန်သွားပြီး မ
လှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။တကယ်တော့သူမက ကျောက်
ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက ဖြစ်ခဲ့တဲ့ဒါဏ်
ရာပါ။ မှောင်ခိုဈေး(တရားမ၀င်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ ယွမ်၃သိန်းတန်ပါတယ်။

မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့ အရက်ထဲမှာ မူး
ယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေခဲဟာလဲအသား
ကိုထုံကျင်စေထားတဲ့အတွက် အခိုးခံရတဲ့သူဟာ ကျောက်ကပ်အခိုးခံနေရစဉ်မှာ နာကျင်မှု့မခံစားရ
တာပဲဖြစ်ပါတယ်။

ကျောက်ကပ်အခိုးခံရတဲ့မိန်းကလေးကတော့ ဆေးရုံပေါ်မှာပဲကျောက်ကပ်အလှူရှင်ကိုစောင့်ရင်း
ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုမျိုးကျောက်ကပ်ခိုးယူမှု့ဟာ ခုမှပေါ်လာတဲ့ပြစ်မှု့ကျူးလွန်တဲ့ပုံစံမျိုး
ဖြစ်ပါတယ်။ လူငယ်တွေ၊ ခရီးသွားတွေ၊ ကျောင်းသူကျောင်းသားတွေဟာ အဓိကပစ်မှတ်ဖြစ်နိုင်ပါ
တယ်လို့ ရဲတွေကသတိပေးထားပါတယ်။

ပြီးတော့ ဒီလိုမျိုး အမှု့အခင်းတွေဟာ မြို့ကြီးများမှာပိုဖြစ်လေ့ရှိပါတယ်လို့လဲ ရဲတွေကသတိပေး
ထားပါတယ်။

ကျနော် facebook စာမျက်နှာတခုကနေ ကူးယူတာဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ