Wednesday, November 9, 2011

ဖာဂူဆန် အတွက် (၇၂)မီတာ ရှည်သော စာတန်းကြီး ချိတ်ဆွဲဂုဏ်ပြု

တနင်္ဂနွေ နေ့တွင် မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဘ၀ ငွေရတုကာလ ပြည့်မြောက်တော့မည်
ဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန်ကို မန်ယူ ပရိသတ် များက အိုးလ်ထရက်ဖို့ဒ် ကွင်းတွင်အမှတ်တရ
စာတန်းတစ်ခု ချိတ်ဆွဲ ဂုဏ်ပြုထားကြောင်း သိရှိရသည်။

အသက်(၆၉)နှစ်ရှိ စကော့သား
ကြီး အတွက် ရည်ရွယ်ကာ မန်
ယူ အသင်းနှင့် ပရိသတ်များပူး
ပေါင်းကာ အဆိုပါ စာတန်းကို
မှာယူ ချိတ်ဆွဲခဲ့ခြင်း ဖြစ်သည်။
(၇၂)မီတာ အရှည်ရှိသောစာ
တန်းကြီးတွင် The Impossib-
le Dream …Made Possible
နှင့် Sir Alex 25 Years ဆို
သော စာသားများ အပြင်၎င်း၏
ရာစုနှစ် တစ်စိတ်စာ မန်နေဂျာ
သက်တမ်းအတွင်း မန်ယူအ
တွက် ရယူ ပေးခဲ့သည့် အဓိကဆုဖလား (၃၇)လုံး၏ ပုံများကိုလည်း ရိုက်နှိပ် ဖော်ပြထားသည်။
ပေါင်စတာလင် (၃၆၀၀)ကုန်ကျသောအဆိုပါ စာတန်းကြီး အတွက် မန်ယူ ပရိသတ်များက စုရုံး
အလှူငွေ ထည့်ဝင်ကြခြင်း ဖြစ်သည်။

Stretford End Flags Organization မှ မှာယူခဲ့သော စာတန်းအတွက် ဒီဇိုင်းနှစ်ခု ဦးစွာ ပြုလုပ်ပြီး
ပရိသတ်များ၏ မဲပေးမှုဖြင့် ယခု စာတန်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Stretford End Flags Organization သည် အိုးလ်ထရက်ဖို့ဒ်တွင် အမှတ်တရ စာတန်းများ ချိတ်ဆွဲ
ရာ၌ ကာလရှည်ကြာ လက်တွဲ ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်သည်။ (၁၉၅၈)ခုနှစ်၊ မြူး
နစ် လေကြောင်း ဖြစ်ရပ်ဆိုးကြီးနှင့် ပတ်သက်သည့် အမှတ်တရ စာတန်း၊ မန်ယူ ပရိသတ်၏ သူရဲ
ကောင်းများ ဖြစ်ခဲ့သည့် အိုလေဂန်နာ ဆိုးလ်ရှား၊ ရိုင်ယန်ဂစ်နှင့် ဂျော့ဘက်စ်တို့ အတွက် ချီးကျူး
ဂုဏ်ပြုမှု စာတန်းများကို ယင်းအဖွဲ့အစည်းက တာဝန်ယူ လုပ်ကိုင် ပေးခဲ့သည်။ ဖာဂူဆန်၏ ငွေရတု
မန်နေဂျာ မှတ်တမ်းကို ဂုဏ်ပြုသည့် အနေနှင့် www.saf25.com ဆိုသော ၀က်ဘ်ဆိုက်ကိုလည်း
စနေနေ့က တရားဝင် လွှင့်တင်ခဲ့သည်။ ထို့အပြင် ပရိသတ်များက Online မှတစ်ဆင့် ၎င်းတို့၏ ကျေး
ဇူး တင်ရှိမှုကို ဖော်ပြသည့် Book of Thanks ဆိုသော ဒီဂျစ်တယ်Version စာအုပ်တွင် စုရုံး
Register လုပ်နေကြသည်။ အဆိုပါ အမည်များကို စာအုပ်အဖြစ် ထုတ်ဝေပြီး ရာသီကုန်တွင် ဖာဂူ
ဆန် လက်သို့ အမှတ်တရ ပေးအပ်သွားရန် စီစဉ် ထားကြောင်းလည်း သိရှိရသည်။

မန်ယူ အားပေးသူများ အဖွဲ့ MUSTမှ အမှုဆောင်ချုပ် ဒန်ကန် ဒရက်စ်ဒိုက “ကမ္ဘာပေါ်က မန်ယူ ပရိ
သတ် သန်းပေါင်း(၃၃၀)ကျော်ထဲက လူနည်းစုပဲ ကျွန်တော်တို့နဲ့ လာပြီး ချိတ်ဆက်ပါစေဦးတော့။
ကျွန်တော်တို့ အားပေး ချစ်ခင်တဲ့ လူတစ်ယောက် အတွက် ဘယ်လောက် ကျေးဇူးတင်သလဲ ဆိုတာ
လက်တွေ့ ပြသနိုင်မယ်လို့ ထင်ပါတယ်။ ပရိသတ်တွေ အများကြီးကို ပျော်ရွှင်စေတဲ့၊ မန်ယူအတွက်
အကြီးကျယ်ဆုံး ဦးဆောင် ပေးခဲ့တဲ့ လူတစ်ယောက် ဆိုပါတော့” ဟု ပြောကြား သွားခဲ့သည်။ မန်ယူ
အသင်းသည် စနေနေ့တွင် ဆန်းဒါးလန်းနှင့် အိမ်ကွင်း၌ ယှဉ်ပြိုင်ရာတွင်လည်း တရားဝင် ဂုဏ်ပြု
အခမ်းအနား တစ်ခု စီစဉ်ထားသည်။ အဆိုပါ အခမ်းအနားကို မန်ယူ မန်နေဂျာဟောင်း စတိဗ်ဘရုစ်
က ဦးဆောင်မည်ဟုလည်း သိရှိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ