Wednesday, November 2, 2011

မယ်လဒုက္ခသည်၆၀ ကျော် အစာအဆိပ်သင့်မှုဖြစ်ပွား

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီမှာ ဒုက္ခသည်၆၀ကျော် အစာအဆိပ်သင့်မှု
တစ်ခု ဖြစ်ပွားသွားတယ်လို့ စခန်းကျန်းမှာရေးတာဝန်ခံ စောတာကဝယ်ထူကပြောပါတယ်။

ဒီလ၂၂ရက်နေ့မှာမယ်လစခန်းဇုံဘီ၊ရပ်
ကွက်အေ(B1-A)ကအောက်မေ့ဖွယ်အ
ထိမ်းအမှတ်ဘုရားဝတ်ပြုပွဲအလှူတစ်ခု
မှာ မဲဆောက်မြို့ကမှာယူတဲ့ ကြာရှည်ခံ
ငါးဆုပ်ကို ကြော်ချက်ကျွေးမွေးရာမှစားမိ
တဲ့ ဒုက္ခသည် ယခုလိုအစာအဆိပ်သင့်ခဲ့
ကြတာဖြစ်ပါတယ်လို့ မယ်လစခန်းမှ
AMI တာဝန်ခံ စောတာကဝယ်ထူကပြော
ပါတယ်။“သင်းအုပ်ဆရာရော လူငယ်လူကြီးအကုန်လုံးအဆိပ်မိသွားတယ်။ဆေးရုံမဆံ့တော့ဆေး
ရုံအပြင်လူသွား လမ်းတွေမှာထားရတယ်။ ခြေသည်း၊ လက်သည်းနှုတ်ခမ်းတွေပြာလာပြီးအမြုပ်
တွေအန်ထွက်လာတယ်။ တကယ် လို့ဆေး ရုံနဲ့မနီးရင် အားလုံးဒုက္ခရောက်သွားမှာ။ပုခက်တလုံး
အတွင်းလူနာသုံးယောက်ထမ်းလာတာ အဲ့ဒီနေမှာပဲတွေ့ဘူးတယ်”

အဲ့ဒီအစာအဆိပ်သင့်သူများမှာ ကြွက်တက်ခြင်း၊ ခြေလက်ကွေးကောက်လာခြင်း၊ အော့အန်ခြင်း၊
ခေါင်းမူးခေါင်း ကိုက်ခြင်းနှင့် ၀မ်းသွားခြင်း စသည့်ဝေဒနာများ ခံစားရပြီး အချို့မှာ မျက်လုံးများ
ဖွင့်မရသလို ၀မ်းသွားလွန်းသဖြင့် ထိုင်မရသည်အထိ အဆိုးဝါးဆုံးဖြစ်ပွားခဲ့တယ်လို့အစာအဆိပ်
သင့်သူတစ်ယောက်က ပြောပါတယ်။

ဆေးရုံသို့ ရောက်ရှိသွားတဲ့သူတွေကို ORS ဓာတ်ဆားရည်တိုက်ကျွေးခြင်း၊ ဆေးပုလင်းကြီးများ
သွင်းပေးခြင်း တွေကို AMI ဆေး ရုံဝန်ထမ်းတွေ အဆက်မပြတ် ကုသပေးသွားလို့သေဆုံးသူမရှိ
ပဲ သုံးရက်ပြီးတဲ့နောက်ဆေးရုံကနေဆင်းခွင့်ပေးလိုက်တယ်လို့စောတာကွယ်ထူးကပြောပါတယ်။

လူဦးရေ ငါးသောင်းနီးပါးရှိတဲ့ မယ်လဒုက္ခသည်စခန်းမှ စားသုံးကုတ်ပစ္စည်းတွေကိုမဲဆောက်မြို့
ကပဲမှာ ယူ စားသောက်နေပေမယ့် ဒီလိုဖြစ်လာတာပထမဦးဆုံးအကြိမ် ဖြစ်တဲ့အပြင်ဘာကြောင့်
အခုလို ဖြစ်ရတယ်ဆိုတာ စမ်းသပ်စစ်ဆေးနေဆဲပဲ လို့သူဆက်ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ