Saturday, November 5, 2011

ချယ်လ်ဆီးနှင့်ပွဲတွင် အောင်ပွဲခံမိသဖြင့် JUDAS ဟု အမည် တပ်ခံ နေရသည့် ဘီနာယောင်

ချယ်လ်ဆီးအား အာဆင်နယ်က အဝေးကွင်းတွင် ခြေစွမ်းပြ အနိုင် ရခဲ့သည့် ပွဲစဉ်အတွက်အောင်
ပွဲ ခံမိသဖြင့် ယိုဆေး ဘီနာယောင်တစ်ယောက်သစ္စာဖောက်ဟုအမည်တပ် ရှုတ်ချခြင်းခံခဲ့ရသည်

ချယ်လ်ဆီးမှ အာဆင်နယ်သို့
အငှားလာရောက် ကစားနေ
သော အစ္စရေးလက်ရွေးစင်
အတွက်အငှားစာချုပ် သက်
တမ်းကုန်ချိန် စတမ်းဖို့ဒ်ဘရစ်
ဂ်ျသို့အပြန်လမ်းတွင်နွေးထွေး
သောကြိုဆိုမှုနှင့်ကြုံရဖွယ်မရှိ
ချေ။ ၎င်းသည်အာဆင်နယ်က
ချယ်လ်ဆီးအားအဝေးကွင်း
တွင်(၅-၃)ဖြင့် အနိုင်ရသည့်ပွဲအပြီးတွင်Twitter၀က်ဘ်ဆိုက်မှ တစ်ဆင့် အာဆင်နယ်ဘက်မှပွင့်ပွင့်
လင်းလင်းအောင်ပွဲခံပြပြီးနောက်ချယ်လ်ဆီးပရိသတ်များကဘီနာယောင်အားJudas(သစ္စာဖောက်)
ဟုခိုင်းနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

ဘီနာယောင်သည် လန်ဒန်ကလပ် နှစ်ခုကြား အငှား စာချုပ်ပါ သဘောတူညီချက်အရချယ်လ်ဆီး
နှင့် ပွဲတွင် အာဆင်နယ် အတွက် ၀င်ကစားပေးခွင့် မရှိခဲ့ပေ။ စနေနေ့က ပွဲစဉ်နှင့်ပတ်သက်ပြီးဘီ
နာယောင်က “ဒီနေ့ နိုင်ပွဲက ဘယ်လောက်တောင် ခမ်းနား လိုက်သလဲ။ ကျွန်တော့် အသင်းဖော်
တွေ သိပ်တော်တယ်” ဟု Twitter တွင် ရေးသားခဲ့ရာ ချယ်လ်ဆီး အားပေးသူများကဒေါသထွက်
ပြီး အမျက် ချောင်းချောင်းဖြင့် တုံ့ပြန်ခဲ့ကြသည်။ အများစုက အသင်းအပေါ် သစ္စာ စောင့်သိမှုကို
မပြသသည့် အတွက် ၎င်းအား Judas ဟု စွပ်စွဲ ရေးသား ခဲ့ကြကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ