၂၀၁၀ ခုနှစ် အတွင်းတွင် ကမ္ဘာ့ကုလသမ္မကဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏တတိယ
နိုင်ငံ သွားရောက်အခြေချနေထိုင်ရေးအစီအစဉ်ဖြင့် သွားရောက်အခြေချနေထိုင်ခဲ့ကြသည်။
ချက် အစိုးရမှပထမ (၆) လတွင် ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပြီး ခြောက်လအပြီးတွင် မိ
သားစု (၃) စုအား မြို့တခုစီတွင် သီးခြားပို့ခဲ့သည်။

ရခြင်း၊ ဘာသာစကားနားမလည်ခြင်း၊
ငွေကြေးထောက်ပံ့မှု နှင့်ကူညီပံ့ပိုးမှု
လျှော့သွားပြီးနောက်ပိုင်းတွင်အခက်အ
ခဲပေါင်းများစွာနှင့် ဆန်မ၀ယ်စားနိုင်
သည့် အခြေအနေအထိ ရင်ဆိုင်ရသည်။
ချက်နိုင်ငံတနိုင်ငံလုံးတွင် ကရင်စကား
ပြောဆိုသူ တယောက်မျှမရှိပါ။ ဘာသာ
ပြန်မှာလဲ ဗမာ စကားပဲ ပြောဆိုသဖြင့်
ဒုက္ခသည် မိသားစုများမှာ အကြီးအကျယ်ဒုက္ခရောက်ကြရသည်။
ဒုက္ခများရင်ဆိုင်ရသော မိသားစုများသည် ထိုင်းနယ်စပ်မှ ဒုက္ခသည်စခန်းများနှင့် အင်္ဂလန် နိုင်ငံ
တွင် ရောက်ရှိနေသော ကရင့်အသိုင်းအ၀ိုင်းများကို ကြိုးစားဆက်သွယ်ပြီး အကူအညီတောင်းခံ
ကြ သည်။
စက်တင်ဘာလ (၂၆) ရက်နေ့တွင် အင်္ဂလန်အခြေစိုက် ကရင့်လူထုအဖွဲ့အစည်းမှ ကိုယ်စားလှယ်
နှစ်ဦးဖြစ်သူ နော်ထူးခုနှင့် အခြားတယောက်က ချက်နိုင်ငံသို့သွားရောက်ပြီး ဒုက္ခသည်မိသားစု
များနှင့် တွေ့ကာ အားပေးခြင်း၊ အကြံပေးခြင်း၊ လိုအပ်သည့်အကူအညီများပေးခြင်းနှင့် ရှေ့ဆက်
ယူရို နိုင်ငံတွင်ရောက်ရှိနေသည့် ကရင်အဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရန် ပြောဆိုဆွေးနွေး
ခဲ့သည်။
No comments:
Post a Comment