Thursday, December 1, 2011

စခန်းအတွင်း ကျောင်းသူကျောင်းသားတွေ စာဖတ်ဖို့ အဆင်မပြေ

ထိုင်းနိုင်ငံ တာခ်ခရိုင် ဖိုးဖမြို့နယ် အုန်းဖြန်ဒုက္ခသည်စခန်းရှိကောမူရာဘောဒါဆောင်မှာနေထိုင်
ပြီး မိဘနဲ့အ နေဝေးတဲ့ အခုလိုစားမေးပွဲအတွင်းမှာ ဖယောင်းတိုင်မဝယ်နိုင်လို့ ကိုယ့်စိတ်ကြိုက်
စာကျက်ခွင့်မရှိပဲ မီးလာတဲ့ အခိုက်မှာ ပဲ စာကျက်နေရတယ်လို့ ကျောင်းသူလေး နော်ဖောသော
က ပြောပါတယ်။

““ကျမစားကျက်ဖို့ မီးက ၆နာရီကနေ ၁၀
နာရီအထိပဲလေး ကျန်တဲ့အချိန်တွေကဖ
ရောင်းတိုင်တွေလိုတာပေါ့ တခါတလေ
ကျက်ဖို့စာတွေ အများကြီးရှိတယ်လေအဲ့
ဒီထဲမှာမရသေးတဲ့စာတွေကျက်ချင်
လည်း အလင်းမရှိတော့စာမဖတ်ရတော့
ဘူးမီးပိတ်တော့အိပ်ရတယ်။သူငယ်ချင်း
ဆီတောင်းဖို့ လည်းသူတို့အတွက်ပဲရှိတာ
ကို”မိဘနဲ့အနေဝေးလို့ ငွေရေးကြေးရေး
မရှိတဲ့အပြင် ဒီနှစ်နှစ်ဦးပိုင်းကစပြီးစခန်း
ပညာရေးထောင့်ပံ့တဲ့ ZOA က ကျောင်းဆရာလခတွေလျော့လို့ကျောင်းတွေမှာလစဉ်အခွန်ကြေး
တောင်းလာလို့မပေးနိုင်တဲ့အပြင် ငွေကြေးနဲ့ ပတ်သက်တဲ့ကိစ္စမှန်သမျှ အခက်အခဲရှိတဲ့တာကို
သူမဆက်ပြောပါတယ်။

“ဒီနှစ် ကျမရင်ဆိုင်ရအခက်ဆုံးနှစ်ပဲ ကျောင်းမှာတောင်းတဲ့အခွန်တွေမပေးနိုင်ဘူး မိဘလည်း အ
ဆက်အသွယ် မ လုပ်ဘူး အခုစာမေးပွဲထဲမှာတော့ ဖရောင်းတိုင်မဝယ်နိုင်ဘူး။ မုန်စားချင်လည်း
မစားနိုင်ဘူး။ တခါတလေ ကျောင်းမှာ တောင်းတဲ့ အသင်းခွန်တို့ဘာတို့ ၁ဘတ်တောင်မထည့်နိုင်
ဘူး ”အခုလို စာမေးပွဲဖြေဆိုတဲ့အချိန်မှာ အားပေးတဲ့သူမရှိလို့ မိဘကိုတမ်းတဆုံးအချိန်ဖြစ်တယ်
လို့သူမဆက်ပြောပါ တယ်။

“ကျမငယ်ငယ်တုန်းက စာမေးပွဲနီးလာပြီးဆိုရင် အမေက အနားမှာထိုင်ပြီး စားကျက်ခိုင်းတယ်။
အစာစားချင်ရင် ကြွေးတယ်။မုန်စားချင်ရင်လည်းဝယ်ကျေးတယ်လိုအပ်တာအားလုံးပြည့်စုံတယ်
အခုအနေဝေးရတော့ လိုတာရှိရင်လည်း ကိုယ့်မိဘမဟုတ်တော့ မတောင်းရဲဘူး”

ဒီလိုမျိုးနဲ့ လူများကြားမှာ နေထိုင်ပြီး မိဘနဲ့အနေဝေးလို့ မိဘနဲ့နေရတဲ့သူငယ်ချင်းတွေလို မပြည့်
စုံလို့ မိမိအနေနဲ့ စိတ်အားငယ်လာပြီးပညာမသင်ယူတော့ပဲမိဘတွေနဲ့ပြန်နေချင်တယ်လို့သူဆက်
ပြောပါတယ်။ ဒီလိုမျိုး မိဘနဲ့ အနေဝေးရတဲ့သူတွေအများကြီးတဲ့အပြင်သူမထက် အခက်အခဲကြုံ
တွေ့နေရတဲ့ မိဘမဲ့ကလေးတွေရှိတယ်လို့ သူဆက်ပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ