Monday, December 5, 2011

ဂစ်အတွက် ကြေးရုပ်တု တစ်ခု ကျွန်တော်တို့ သွန်းလုပ် စိုက်ထူပေးရမယ်

ဝိန်းရွန်နေးက အံ့ဖွယ်ဘောလုံးသမား ရိုင်ယန်ဂစ်၏ မွေးနေ့အား ဂုဏ်ပြုရန်အလို့ဌာမန်ချက်စတာ
ယူနိုက်တက်အသင်းသည် ကြေးရုပ်တုတစ်ခုအား စိုက်ထူသင့်ကြောင့်ထုတ်ဖေါ်ပြောကြားခဲ့သည်။

အဆိုပါ ယူနိုက်တက် တိုက်စစ်မှူးက ထိုကဲ့သို့
ပြုလုပ်ပေးမှ သာလျှင် အသက် (၁၇)နှစ်အရွယ်က
တည်းကဘောလုံးသမားဘ၀ကိုအိုးထရက်ဖို့ထ်
တွင် စတင်ခဲ့ပြီးယနေ့(၃၈)နှစ်ပြည့်မြောက်မည့်
ဝေးလ်စတားအား ပြီးပြည့်စုံသည့်ဂုဏ်ပြုမှု ဖြစ်
လိမ့်မည်ဟု ပြောခဲ့သည်။ရွန်နေးက "တစ်ကယ်
လို့ လွန်ခဲ့တဲ့ အနှစ်ပေါင်း ၂၀ ကနေ ၂၅ နှစ်အ
တွင်းက ကစားသမားတစ်ယောက်ကို ဂုဏ်ပြု
တဲ့အနေနဲ့ အိုးထရက်ဖို့ထ်အပြင်ဘက်မှာရုပ်တု
တစ်ခု ပြုလုပ်မယ်ဆိုရင်ထိုက်တန်တဲ့သူဟာရိုင်
ယန်ဂစ်ပဲ ဖြစ်ပါတယ်။""ဘာဖြစ်လို့လဲဆိုရင် ဒီ
မှာ ရိုင်ယန်ဂစ်လုပ်ခဲ့တာက တစ်ကယ့်ကို မယုံ
နိုင်လောက်အောင် ထူးချွန်ပြောင်မြောက်လှပါ
တယ်။""သူရဲ့ပထမဦးဆုံး ပွဲဦးထွက်ကိုအသက်
၁၇ နှစ်မှာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ်နှစ်ပေါင်း
၂၁နှစ်တိုင်အောင်ထိပ်တန်းအဆင့်မှာကစားနေ
ပါသေးတယ်၊ ဒါဟာ တစ်ကယ့်ကိုခန်းနားထယ်ဝါလွန်းတဲ့ အောင်မြင်မှု တစ်ခုပဲ ဖြစ်ပါတယ်။"

"သူဟာ ဒီဘောလုံး ကလပ်အတွက် အံ့ဖွယ် စွမ်းဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ အခုထိလည်း သူ့အသက်အရွယ်နဲ့ မလိုက်အောင် အကောင်းဆုံး ပေးဆပ်နေတုန်းပဲ ဖြစ်ပါတယ်။ ဂစ်ရဲ့ လေ့ကျင့်ရေး နည်းလမ်းတွေ၊ သူ့ရဲ့ ပြင်ဆင်ပုံတွေဟာ ဒီကလပ်မှာ ရှိတဲ့ ကစားသမားတိုင်းအတွက် အံ့သြဖွယ် ဥပမာတွေ ဖြစ်ပါတယ်၊ သူဟာ နေ့စဉ်နေ့တိုင်း အလုပ်ကို အရမ်းကြိုးစားတဲ့အတွက် အရမ်းကို ထူးခြားတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတာ ဖြစ်ပါတယ်။" ဟု ချီးမွန်းပြောကြား ခဲ့သည်။

ဂစ်သည် သူ၏ ပထမဦးဆုံး ပွဲဦးထွက်အား မတ်လ ၂ ရက်နေ့ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့ပြီး ယခုအခါ
သူသည် သရဲနီတို့အတွက် ပွဲပေါင်း ၈၈၇ ပွဲထိ ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၆၁ ဂိုးသွင်းယူပေးခဲ့ပြီး
ဖြစ်သည်။ သူသည် ဆာဘော်ဘီချာလ်တန်၏ အိုးထရက်ဖို့ထ် စံချိန်(၇၅၈)ပွဲအား ယူနိုက်တက်အ
သင်း ချန်ပီယံလိဂ်ဖလားအား (၃)ကြိမ်မြောက် ဆွတ်ခူးခဲ့သည့် ၂၀၀၈ မော်စကိုဖိုင်နယ်နေ့တွင်
ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ