Tuesday, December 13, 2011

ဒုက္ခသည် တွေ ထိုင်းဘုရင်ကို ဂရုဏာရှင်အဖြစ် အသိအမှတ်ပြု

ဒီဇင်ဘာငါးရက်နေ့က အသက် ၈၄နှစ် ပြည့် ထိုင်းဘုရင်မွေးနေ့မှာထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်
စခန်းတွေမှာ လည်း ကျင်းပပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေအနေနဲ့ ထိုင်းဘုရင် ဘူးမိဘောအဒူယာ
ဒိုက် ဟာ နယ်စပ်ဒုက္ခသည်တွေ အပေါ် ဂရုဏာစိတ်ထားတာကို အသိအမှတ်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေကိုလက်
ခံဖို့ နိုင်ငံတကာတွေနဲ့သဘောမတူ
ထားပေမယ့် ထိုင်းဘုရင်အနေနဲ့ မိမိ
နိုင် ငံမှာ ဒုက္ခသည် တွေကို လက်ခံ
ကူညီသွားတဲ့အတွက် ဒုက္ခသည်တွေ
အပေါ် လူသားချင်စာနာမှုကိုအသိအ
မှတ် ပြုတာ ဖြစ်တယ်လို့ အုန်းဖြန်စ
ခန်းကစောဘလယ်စေကပြောပါ
တယ်။“သူ့ထိုင်းသူပြည်သားတွေကိုရော ကျနော်တို့ ကရင်လူတွေရောမခွဲခြားဘူး ဆိုလိုတာကကျ
နော်တို့ ဒုက္ခသည် တွေကို စောင့်ရှောက်ပေးတယ်၊ကျနော်တို့အပေါ်သဘောကောင်းတယ်လို့ပြော
နိုင်တယ် ကျနော်တို့အတွက်ဂုဏ်ပြုထိုက်တယ်လို့ပြောရမှာပေါ့”

ထိုင်းနိုင်ငံတစ်ဝန်းလုံးမှ အလုပ်သမားတွေဖြစ်စေ ဒုက္ခသည်တွေဖြစ်စေ ထိုင်းဘရင်ကြီးရဲ့အေးမြ
မေတ္တာ အောက်မှာ နေထိုင်အခွင့်ရခဲ့ပါတယ်။

၁၉၄၆ခုနှစ် ဇွန်လ ကိုးရက်နေ့မှာ ဘုရင်အာနန္ဒာ မဟီဒေါ်ဆီမှ အာဏာရယူလွဲပြောင်းခဲ့ပြီး ၁၉၅၀
ခုနှစ် မေလ ၅ရက်နေ့မှာ နန်းတက်ပွဲအဖြစ် ဘိတ်သိတ်သွန်းလောင်းခဲ့ပါတယ်။ သူက ချာခူရီမင်း
ဆက်မှဘုရင်တစ်ပါးဖြစ်ပါ တယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ