ငယ်ကို အတူယူ ပြီး စခန်းမှာ လိုက်သောင်းကျန်းတဲ့သူအတွက် ဒုက္ခသည်စာရင်းကနေ အဖြုတ်ခ
ံရမယ့် ပြစ်ဒဏ်အသစ်ခံရ မှာဖြစ် ပါတယ်။
၂၀၀၈ခုနှစ် ကစပြီး မယ်လစခန်းကလူငယ်တွေဟာခောတ်လူငယ်တွေအတုယူကာလမ်းမယူတဲ့လူငယ်တွေများလာတဲ့
အပြင်လူငယ်တွေများစုမှာမူးယစ်ဆေးဝါးစားသုံးတတ်လာ
တာမို့ အဲ့ဒီလူတွေကို ဒုက္ခသည်စာရင်းကနေဖြုတ်ဖို့ပြီးခဲ့တဲ့
လ ၂၈ရက်နေ့မှာ စခန်း ကော် မ တီတွေနဲ့ ထိုင်းတာဝန်ရှိ
သူတွေကအတည်ပြုထုတ်ဖော်ကြေငြာလိုက်တယ်လို့စခန်း
အတွင်းရေးမှူးသုံး စောအယ်ကလယ်ကပြောပါတယ်။
“တကယ်ဆိုစခန်းက၁၁နှစ်၁၂နှစ်ကလေးအရွယ်ကလေးတွေလည်း၂၀၁၁အတွင်းမှာပါလာပြီးလမ်း
မယူတဲ့လူ ငယ်တွေနောက်လိုက်ပြီး လူတွေကို ခဲလုံးနဲ့လိုက်ပစ်၊ စခန်းမှာတာဝန်ရှိတဲ့လူကြီးတွေ
အိမ်တွေ ပစ္စည်းတွေ ဖျက်ဆီးပြီးသူတို့စော်ကားသွား တဲ့အထိဆိုးလာတယ်”
စခန်းအတွင်းမှာ လမ်းမယူပဲ လိုက်သောင်းကြားတဲ့လူငယ်တွေ၊ မူးရစ်ဆေးဝါးရောင်းချတဲ့သူတွေ
ဖမ်းမိပြီး ဒုက္ခသည်စာရင်းမှအပယ်မခံလိုရင်ထောက်ခံသူသုံးယောက်ရှိရပြီးဘတ်ငွေတစ်ယောက်
တစ်သောင်းနဲ့ အာမခံရမှာ ဖြစ်တယ်လို့ သူဆက်ပြောပါတယ်။
အခုလိုစခန်းကလူငယ်တွေ ဒီလိုဖြစ်လာရတာဟာ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အဲဂျီအို ပညာပေးသင်
တန်းတွေက အခွင့်အရေးတွေကို နားမလည်ပဲ အခွင့်အရေးတွေ အလွဲသုံးချသွားတာဖြစ်တယ်လို့
သူကပြောပါတယ်။
အဲ့ဒီလူငယ်တွေဟာ ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်သူငယ်တွေများပြီး နောက်က
ကြိုးကိုင်တဲ့ အရွယ်ကြီးတဲ့သူလည်းရှိသလို လွန်ခဲ့တဲ့ ၅နှစ်၆နှစ်တုန်းက စခန်းက ထိုင်းပလရုံးကို
စော်ကားသွားတဲ့အတွက် စခန်းကော်မတီတွေက အဲ့လိုစော်ကားမှုမျိုး ဖြစ်လာရင်ဒီစခန်းဖြုတ်ရဖို့
လက်ဗွေနိုမ့်လိုက်ရပါတယ်။
No comments:
Post a Comment