Thursday, January 12, 2012

ကေအန်ယူနဲ့ အစိုးရ အပစ်ရပ် သဘောတူခြင်းကို ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ဆုတောင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ)နဲ့​ က​ရင်​ပြည်​နယ်​ အစိုး​ရကိုယ်စား​လှယ်တို့နှစ်ဖက်အပစ် ရပ်ဖို့​ သ​ဘောတူ ​လက်​မှတ်​ရေး​ထိုး​ရတဲ့အပြင် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ကရင်ကျောင်း သားကွန်ယက်အဖွဲ့မှ မေတ္တာပို့ဆုတောင်းပွဲးကျင်ပသွားပါတယ်။

ဇန်နဝါရီလ၁၂နေ့ ဘား​အံ့​မြို့
ဇွဲကပင်ဟိုတယ်မှာ စတင်တဲ့
အစည်း​အ​ဝေးမှာ သဘောတူ
ညီချက်တွေ ကိုကရင်ကျောင်း
သားကွန်ယက်အဖွဲ့ရဲ့အကြံပေး
အရာရှိသူစောဗိုလ်ကြီးကအခွင့်
ရေးကောင်းတခု ဖြစ်တယ်လို့
အခုလိုပြောပါတယ်။

“ဗိုလ်မြခေတ်တုန်းကပစ်ဖို့
သွားရောက်ဆွေးနွေးခဲ့တယ်စာ
ချုပ်စာတန်းနဲ့အညီလက်မှရေး
ထိုးခွင့်ရခဲ့ ဘူး အခုတော့လက်
မှတ်ရေးထိုးခွင့်ရတယ်ထိုးပြီးပြီးတချို့လူတွေကျတော့အခု သွားတာဟာ လက် မှတ်ရေးထိုးဖို့မဟုတ်သေး ဘူး ဆွေးနွေးအတည်ပြုဖို့ပဲဖြစ်တယ် လူတွေအမျိုးမျိုးပြောကြတယ်”

ကေအန်ယူနဲ့ သိန်းစိန်အစိုးကိုယ်စာလှယ် တွေရဲ့ သဘောတူညီချက်တွေမှာ အပစ်အခတ် ရပ်စဲရေး။ ဆက်ဆံ​ရေး​ ရုံး​တွေဖွင့်​ခြင်း။ လက်နက်မပါဘဲ တနိုင်ငံလုံး​ သွား​လို့ရခြင်း။ ​နောက်အဆင့်​တွေ ဆက်​ဆွေး​နွေး​သွား​မှာဖြစ်ပါတယ်။

အခုလို အပစ်ရပ်လက်မှတ်ရေးထိုးတာဟာ မြန်မာနိုင်ငံမှာ Justic တရားမျှတမှုရှိမှငြိမ်းချမ်းရေးဖော် ဆောင်နိုင်မယ်လို့ ကရင်ကျောင်းသားကွန်ယက်အဖွဲ့ရဲ့ယုံကြည်ချက်နဲ့အညီ တရားမျှတမှုရှိလာဖို့ ကရင်ရိုးရာ ငြိမ်းချမ်းရေးပွဲအဖြင့် ဖယောင်းတိုင်ထွန်း ဆုတောင်းသွားပါတယ်။

ထိုင်းနယ်စပ်မှာရှိတဲ့ ကရင်လူမှုအခြေခံအဖွဲ့အစည်းတွေလည်း မိမိတို့ရုံးမှာ ပုံစံအမျိုးမျိုးနဲ့ ဆုတောင်း ခဲ့ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ