
အတွက် ဝါးတွေကို မိုးရာသီ အကူးမှာစီစဉ်
တာဖြစ်ပေ မယ့် ဝါးသယ်ဆာင်ဖို့လမ်းတွေ
ပျက်တဲ့အတွက်ဒုက္ခသည်တွေကအိမ်မပြင်
င်ပဲ နေခဲ့ရတယ်လို့ စောဘလယ်စေးက
အခုလိုပြောပါတယ်။
“အိမ်ကတော့ ဖြစ်သလိုပဲနေရတာပေါ့ ပြို
တော့မပြိုပါဘူး မနှစ်တုန်းကတချို့အိမ်တွေ
နည်းနည်းမှ မပြင်ရဘူး ဒီနေ့ တော့ ပြင်ရမှာ
ပေါ့။ ကျနော့အိမ်ကတော့ပြင်ဖို့မလိုတော့ဘူး
အိမ်သာပဲပြင်ရမယ့် ရမရတော့ မသိသေးဘူး ဒီနှစ် တော့ အဆင်ချောအောင် စီစဉ်ပေးရမှာပေါ့ မနှစ်တုန်းက သူတို့ နောက် ကျသွားတာကို အခုသူတို့စဝေနေပြီး”
တီဘီဘီစီ ထိုင်း-မြန်မာနယ်စပ် လူမှုထောက်ပံ့ရေးအသင်းရဲ့ စည်းကမ်းချက်နဲ့အညီ ဒုက္ခသည်အိမ် တွေရဲ့ အခြေ အနေကို ကြည့်ပြီး ရသင့်တဲ့ဝါးကို သူတို့ ကိုယ်တိုင်ဆုံးဖြတ်ပေးတာဖြစ်ပြီးဝေတဲ့ဝါး တွေကို အိမ်ပြင်ဖို့အတွက် ပဲ သုံးရမှာ ဖြစ်ပါတယ်။
ဒုက္ခသည်တွေ နှစ်တိုင်း အိမ်ပြင်နိုင်ပြီး အိမ်ဆောက်ပစ္စည်းအတွက် ထီဘီဘီစီမှဝေတဲ့ဝါးတွေကို ငွေပိုသုံးရအောင် ရောင်းစားတဲ့ ဒုက္ခသည်တွေကို သိရှိရင် ထီဘီဘီစီထောက်ပံ့မှု စာရင်းမှပယ်ဖျက် တယ်လို့ တာဝန်ရှိသူစောဟေက ပြောပါတယ်။
မနှစ်က မိုးဒဏ်ကြောင့်ဝါးမပို့နိုင်တဲ့ ဒုက္ခသည်စခန်းသုံးခုရှိပြီး မယ်လနဲ့ အုန်းဖြန်ကငါးဆယ်ရာခိုင် နုန်းသာပို့နိုင်ပြီး နို့ဖိုးစခန်းမှာတော့ ခြောက်ရာခိုင်နုန်းပဲပို့လိုက်တယ်လို့တာဝန်ရှိသူကပြောပါတယ်။
No comments:
Post a Comment