ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုမှာ အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုရမယ့် ကျောင်းသားကျောင်းသူတွေ အခက်အခဲနှင့်ကြုံတွေ့နေရတယ်လို့ စခန်းပညာရေးမှူး စောညို့ ကလီထီး ကပြောပါတယ်။
မီးလောင်မှုမှာ ကျောင်းသားကျောင်းသူတချို့ စာအုပ်တွေပါသွားတဲ့အတွက် လာမယ့် မတ်လ ၂၀ရက်နေမှာ ကရင်ဒုက္ခသည်ကော်မတီ(KRC)နဲ့ ကရင်ဒုက္ခသည်စခန်းပညာရေးကို ကူညီတဲ့ (KRCEE)တို့မှ တာဝန်ယူစစ်ဆေးတဲ့ အရင်အခြင်းစစ်စာမေးပွဲကို ဖြေဆိုရမယ့် Grade ၉နဲ့ ၆ ကျောင်းသားကျောင်းသူတချို့ စာအုပ်အခက်အခဲရှိတယ်လို့ ပညာရေးမှူးကအခုလိုပြောပါတယ်။
“အခုလောလောဆယ်တော့ သူတို့အတွက် စာအုပ်တွေ KRCEE မှာပြန်ကော်ဖီလုပ်ပေးလိုက်ပြီး ဘယ်တော့ရမလည်းတော့ မသိသေးဘူး အမြန်ဖြစ်မယ်လို့တော့ယုံကြည်တယ် သုံးရက်ထက်မကြာရဘူးပေါ့။ အခုလောလောဆယ် သူတို့သူငယ်ချင်းတွေဆီကစာအုပ်တွေပဲ ယူဖတ်ရတာပေါ့” <--more-->
လက်ရှိမှာ မီးဘေးမခံရတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မှတ်စုစာအုပ်တွေကို တတ်နိုင်သလောက်ကူးယူကာ အခက်အခဲရှိနေတဲ့ ကျောင်းသားကျောင်းသူတချို့ကို ပေးထားပြီး လိုအပ်နေသေးတဲ့စာအုပ်များကို KRCEE မှ ကူညီပေးတယ်လို့ ပညာရေးမှူးက ပြောပါတယ်။
အုန်းဖျန်ဒုက္ခ သည်စခန်းမှာ မူလတန်းကြိုမှ အထက်တန်းလွန်အထိ ကျောင်း (၂၁) ကျောင်းရှိပြီး ကျောင်းသားဦးရေ (၅,၄၀၀)ကျော် ရှိရာကနေ မီးလောင်မှုကြောင့် ကျောင်း သား (၆၀၀)ကျော်တို့ရဲ့ ကျောင်းသုံးပစ္စည်းတွေ မီးထဲပါသွားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment